အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ဗင်နီဇွဲလားနယ်စပ်ကို ရောက်နေ

အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ဗင်နီဇွဲလားနယ်စပ်ကို ရောက်နေ

ကရာကတ်စ်၊ ဖေဖော်ဝါရီ ၈ ။            ။ အရေးပေါ် လိုအပ်ရာ အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေဟာ ဗုဒ္ဓဟူးနေ့မှာ ဗင်နီဇွဲလားနယ်စပ်ဆီ ရောက်ရှိလာပါတယ်။

စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ တင်ဆောင်လာတဲ့ ဒီအကူအညီပေးရေး ထရပ်ကားတွေဟာ ကိုလံဘီယာနိုင်ငံဖက်က တန်းဒီတက်စ်နယ်စပ်တံတားပေါ် ရောက်ရှိနေတာဖြစ်ပေမယ့် ဗင်နီဇွဲလားနိုင်ငံကတော့ ဝင်ခွင့်မပေးပဲ ပိတ်ထားပါတယ်။

ဗင်နီဇွဲလား သမ္မတ မာဒူရိုကတော့ ဒီနိုင်ငံခြားအကူအညီတွေကို လက််မခံဘဲ ငြင်းဆန််ထားပြီး ဒါဟာ သူ့ကို ဖြုတ်ချဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ ကြားဝင်စွက်ဖက်တဲ့ လမ်းစပဲလို့ ပြောဆိုပါတယ်။

သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဂွါဒိုက ပဋိပက္ခကြုံနေရာ နိုင်ငံမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လိုအပ်နေပြီး ပြည်သူ သုံးသိန်းကျော်ထက်မနည်းဟာ အသက်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

ကိုယ်ကိုကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားတဲ့ ဂွါဒိုဟာ စစ်တပ်ကိုလည်း သမ္မတ မာဒူရိုကို ဆန့်ကျင်ဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပြီး လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို မတားဆီးဖို့ သတိပေးပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required