အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၇ ။ ။ တူရကီနိုင်ငံ အစ္စတန််ဘူလ်မြို့မှာ ရှစ်ထပ်အဆောက်အအုံတစ်လုံးပြိုကျရာကနေ လူနှစ်ဦး သေဆုံးကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။
အစ္စတန်ဘူလ်က အာရှတိုက်သားတွေ အများစုနေထိုင်ရာ အကွက်က ရှစ်ထပ်တိုက် တစ်ဖြည်းဖြည်းပြိုကျလာတာကနေ လူတွေ လွတ်အောင် ထွက်ပြေးကြတာကို ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။
ဒဏ်ရာရသူနဲ့ အပျက်အစီးအောက် ပိတ်မိနေသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။
ဒီရှစ်ထပ်တိုက် ဘာကြောင့်ပြိုကျသလဲဆိုတာကို ချက်ချင်း မသိရသေးပေမယ့် အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက ပြောပါတယ်။
ဒီအဆောက်အအုံမှာ မှတ်ပုံတင်ပြီး နေထိုင်သူပေါင်း ၄၃ ဦး ရှိတယ်လို့ အစ္စတန်ဘူလ်မြို့တော်ဝန် အလီယာလီကာယာက ပြောပါတယ်။
ဒီ ရှစ်လွှာအဆောက်အအုံဟာ အပေါ်ထပ် သုံးလွှာကို တရားမဝင် ထပ်ဖြည့်ပြီး ဆောက်လုပ်ထားတာလို့ ဌာနေအာဏာပိုင်တွေက ပြောကြောင်း ၎င်းက ပြောခဲ့ပါတယ်။