လေယာဉ်နဲ့ လွဲသွားတာကြောင့် အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပါးရိုက်တဲ့ ဗြိတိန်သူ ထောင် ခြောက်လ ချမှတ်ခံရ

လေယာဉ်နဲ့ လွဲသွားတာကြောင့် အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပါးရိုက်တဲ့ ဗြိတိန်သူ ထောင် ခြောက်လ ချမှတ်ခံရ

ဘာလီ၊ ဖေဖော်ဝါရီ ၆ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကို ပါးရိုက်တဲ့ ဗြိတိန်အမျိုးသမီးတစ်ဦးဟာ ထောင်ဒဏ် ခြောက်လ ချမှတ်ခံရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက အပန်းဖြေ ဘာလီကျွန်းက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အသက် ၄၃ နှစ်ရှိတဲ့ ဗြိတိန်သူ အူဂျီတာကာဒက်စ်ဟာ ဗီဇာသက်တမ်းကုန်နေတဲ့အချိန် သူ စီးရမယ့်လေယာဉ်နဲ့ လွဲသွားရတဲ့နောက်မှာတော့ လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပါးရိုက်ခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီလို တာဝန်ရှိသူကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အပြစ်ရှိတာကို တွေ့ရှိပြီး တရားရုံးကနေ ဗုဒ္ဓဟူးနေ့မှာ အမှုစီရင်ချက် ချလိုက်တာပဲ ဖြစ်ပါတယ်။

အဆိုပါ  ဖြစ်စဉ် ဖြစ်ပွားခဲ့ချိန်က အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ဗြိတိန်သူ တာကာဒက်စ်ဟာ လေယာဉ်နဲ့ လွဲသွားတာနဲ့ ပတ်သက်ပြီး မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာနေတာကို တွေ့မြင်ကြားသိရပါတယ်။

ဗီဇာသက်တမ်းကုန်နေပြီဖြစ်တာကြောင့် အိုဗာစတေးနဲ့ နေရတော့မှာ ဖြစ်တဲ့အတွက် သူဟာ ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၄၀၀၀ ပေးဆောင်ရတော့မယ်ဆိုပြီး အော်ကြီးဟစ်ကြီး ဆဲဆိုနေတာပါ။

အဲဒီနောက်မှာတော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကို သူ့ကြောင့် လေယာဉ်နဲ့ လွဲရတယ်ဆိုပြီး စွပ်စွဲအော်ဟစ်ရင်း ပါးရိုက်လိုက်တာပဲ ဖြစ်ပါတယ်။

အခု ဗုဒ္ဓဟူးနေ့မှာတော့ အရင်က တရားရုံး ရုံးချိန်းတွေကို လာရောက်ခြင်း မရှိခဲ့တဲ့ တာကာဒက်စ်ဟာ စီရင်ချက်ချတာကို လာရောက်အကြားနာခံခဲ့ပြီး သူ့အနေနဲ့ အယူခံဝင်သွားမယ်လို့ စိတ်ပိုင်းဖြတ် ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly