ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက် ဗီယက်နမ်မှာ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့ တွေ့ကြမည်

ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက် ဗီယက်နမ်မှာ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့ တွေ့ကြမည်

ဖေဖော်ဝါရီ ၆ ။             ။ လာမယ့် ဖေဖော်ဝါရီ ၂၇ ၊ ၂၈ ရက် ကျရင် ဗီယက်နမ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံသွားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ကြေညာသွားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က ကွန်ဂရက်ကနေတဆင့် နိုင်ငံတော်မိန့်ခွန်း ပြောကြားစဉ်အတွင်း ထရမ့်က ၎င်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင်အကြား ဒုတိယမြောက် ထိပ်သီးအစည်းအဝေး ကျင်းပမယ့် ကိစ္စကို ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

ဗီယက်နမ်မှာ တွေ့ဆုံမယ့် နေ့ရက်အကြောင်း ပြောသွားခဲ့ပေမယ့် တွေ့ဆုံပွဲ ကျင်းပမယ့်နေရာအတိအကျကိုတော့ ထရမ့်က ပြောသွားခြင်း မရှိပါဘူး။

အဆိုပါ ခေါင်းဆောင်နှစ်ဦးအကြား ယမန်နှစ်တုန်းက သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် နောက်တစ်ကြိမ် ဒုတိယမြောက် ထပ်တွေ့ကြဖို့အရေး အစီအစဉ်တွေ ရေးဆွဲနေခဲ့တာဖြစ်ပါတယ်။

မစ္စတာ ထရမ့်နဲ့ မစ္စတာ ကင်မ်တို့ကတော့ ယမန်နှစ် ဇွန်လက စင်ကာပူမှာ သမိုင်းဝင် တွေ့ဆုံဆွေးနွေးထားခဲ့ကြတာဖြစ်ပါတယ်။

" တကယ်လို့သာ ကျွန်တော်သာ အမေရိကန်သမ္မတ အဖြစ် ရွေးချယ်မခံခဲ့ရဘူးဆိုရင် ခုချိန်မှာ ကျွန်တော့်အထင်အရ မြောက်ကိုရီးယားနဲ့အကြား စစ် ဖြစ်နေလောက်ပါပြီ၊ ခုကတော့ လုပ်စရာအလုပ်တွေတော့ အများကြီး ကျန်ပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်နဲ့ ကင်မ်ဂျုံအန်းအကြား ဆက်ဆံရေးကတော့ ကောင်းမွန်ပါတယ်"လို့ ထရမ့်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required