တရုတ်ရဲ့ ဒူးရင်းသီး အကြိုက်တော်ပုံကြောင့် သစ်တောပြုန်းတီးမှုဘေး ခြိမ်းခြောက်ခံနေရတဲ့ မလေးရှား

တရုတ်ရဲ့ ဒူးရင်းသီး အကြိုက်တော်ပုံကြောင့် သစ်တောပြုန်းတီးမှုဘေး ခြိမ်းခြောက်ခံနေရတဲ့ မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၆ ။             ။ မလေးရှားနိုင်ငံအတွက် သစ်တော ပြုန်းတီးမှုတွေ အသစ် ဖြစ်ပွားနေတာဟာ တရုတ်နိုင်ငံက ဒူးရင်းသီး ဝယ်လိုအား မြင့်မားထိုးတက်နေတာကြောင့် ဖြစ်တယ်လို့ အပြစ်ပြောဆိုမှုတွေ ရှိနေပါတယ်။

အဆူးတွေ ဖုံးအုပ်ထားပြီး အနံ့စူးရှတဲ့ ဒူးရင်းသီးတွေ အထွက်နှုန်းမြင့်မားအောင် အများအပြား စိုက်ပျိုးဖို့အတွက် သစ်တော တော်တော်များများကို ခုတ်ထွင်ရှင်းလင်းမှုတွေ ရှိနေတာအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေကလည်း သတိပေးလျက် ရှိနေပါတယ်။

အပူပိုင်း အရှေ့တောင်အာရှဒေသမှာ  စိုက်ပျိုးပေါက်ရောက်တဲ့ ဒူးရင်းသီးဟာ အငြင်းပွားစရာ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

ဒူးရင်းသီးကို ကြိုက်နှစ်သက်သူတွေကတော့ အသီးမှာ ဒူးရင်းဆိုပြီးတောင် ပြောစမှတ်ပြု အမွှမ်းတင်ပေမယ့် မကြိုက်ကြတဲ့သူတွေအတွက်က အနံ့ဆိုးဝါးလွန်းလို့ အဝေးက ရှောင်ကြတဲ့ အသီးပဲ ဖြစ်ပါတယ်။

ဒေသတွင်းက ဟိုတယ်တော်တော်များများဟာလည်း ဒီဒူးရင်းသီးကို အနံ့ကြောင့်ပဲ တားမြစ်ပိတ်ပင်တာ ရှိနေပါတယ်။

စင်ကာပူနိုင်ငံမှာဆိုရင် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေမှာ ဒူးရင်းသီးကို တင်ဆောင်ခွင့် ပိတ်ထားပါတယ်။။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒူးရင်းသီးဟာ တရုတ်နိုင်ငံမှာတော့ ဟစ်ဖြစ်တဲ့ အသီးပါပဲ။ ဝယ်လိုအား ထိနုးတက်နေတာကြောင့် တင်ပို့သူတွေဟာ စျေးကွက်ဝေစု ကြီးကြီးမားမား ရရေးအတွက် အပြိုင်အဆိုင် တင်ပို့နေကြတာပါ။

တရုတ်ရဲ့ ဒီ ဝယ်လိုအား မြင့်မားမှုဟာ မလေးရှားနိုင်ငံက စိုက်ပျိုးရေးပုံစံကိုတောင် အရွေ့အပြောင်း ဖြစ်နေစေပါပြီ။ အသေးစား စိုက်ပျိုးခဲ့ရာကနေ လုပ်ငန်းကြီးတစ်ရပ်အတိုင်းအတာနဲ့ စိုက်ခင်းကြီးတွေ ဖော်ဆောင်ပြီး စိုက်ပျိုးလာကြတာပဲ ဖြစ်ပါတယ်။

ဒီလို စိုက်ပျိုးလာကြတာရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် သစ်ခုတ်လုပ်မှုနဲ့ ဆီအုန်းစိုက်ပျိုးမှုတွေရဲ့ ဒဏ်ကို ခါးစည်းခံထားရပြီးသား မိုးသစ်တောတွေအတွက် ခြိမ်းခြောက်မှုအသစ် ထပ်မံပေါ်ပေါက်လာခဲ့တာပဲလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက သတိပေး ပြောဆိုနေလျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required