ပုပ်ရဟန်းမင်းကြီးက ယူအေအီးနိုင်ငံမှာ သမိုင်းတွင် လူထုစုဝေးပွဲကြီး ကျင်းပ

ပုပ်ရဟန်းမင်းကြီးက ယူအေအီးနိုင်ငံမှာ သမိုင်းတွင် လူထုစုဝေးပွဲကြီး ကျင်းပ

အဘူဒါဘီ၊ ဖေဖော်ဝါရီ ၅ ။           ။ ယူအေအီးနိုင်ငံကို ရောက်ရှိတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အဘူဒါဘီမြို့က အားကစားကွင်းတစ်ကွင်းမှာ အင်္ဂါနေ့က ကက်သလစ်ဘာသာဝင် ၁၇၀၀၀၀ ဝန်းကျင် တက်ရောက်တဲ့ သမိုင်းတွင် လူထုစုဝေးပွဲကြီးကို ကျင်းပပါတယ်။

မွတ်စလင်ပင်လယ်ကွေ့နိုင်ငံဆီ ပထမဆုံး ရောက်ရှိတဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် ယူအေအီးနိုင်ငံဆီ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ နှစ်ရက်တာ ခရီးစဉ် လာရောက်တာလည်း ဖြစ်ပါတယ်။

ဇာယက်အားကစားစီးတီး အားကစားကွင်းမှာ ဗာတီကန်အလံတွေနဲ့ စာတမ်းတွေ ကိုင်ဆောင်ထားတဲ့ ယုံကြည်ဆည်းကပ်တဲ့ လူအုပ်ကြီးကို ပုပ်ရဟန်းမင်းကြီးက လက်ဝှေ့ယမ်း နှုတ်ဆက်ပါတယ်။

ခုလို ကက်သလစ်ဘာသာဝင်တွေရဲ့ လဟာပြင်ကွင်းမှာ ပုပ်ရဟန်းမင်းကြီးကို ဆည်းကပ်မှုဟာဆိုရင် ပုံမှန်အားဖြင့် ချက်ချ်ဘုရားရှိခိုးကျောင်းတွေ အတွင်းထဲမှာပဲ ဝတ်ပြုဆုတောင်းမှုတွေကို ခွင့်ပြုထားတဲ့ ယူအေအီးနိုင်ငံအတွက်တော့ မကြုံစဖူး ထူးကဲတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

အားကစားကွင်းထဲမှာတော့ ပုပ်ရဟန်းမင်းကြီးကို ကောင်းချီးပေးဖို့ လက်မှတ်နဲ့အတူ ရောက်ရှိနေသူပေါင်းက ငါးသောင်းရှိနေပြီး အဲဒီ လူအုပ်ထဲမှာ “ယီမင်က ကျွနု်ပ်တို့ ကက်သလစ်တွေက ပုပ်ရဟန်းမင်းကြီးကို ချစ်မြတ်နိုးပါတယ်။”ဆိုတဲ့ စာတမ်းကိုင်ဆောင်ထားတဲ့ အုပ်စုငယ်ကို မြင်တွေ့ရပါတယ်။

အားကစားကွင်းကြီးရဲ့ အပြင်ဖက်မှာတော့ လူ ၁၂၀၀၀၀ ဝန်းကျင်ရှိတဲ့ ဘာသာဝင်တွေဟာ စက္ကရင်ကြီးတွေနဲ့ တိုက်ရိုက်ပြနေတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အခမ်းအနားကို ကြည့်ရှုခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အခု ယူအေအီးခရီးစဉ်မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ တာဝန်ရှိသူအကြီးအကဲတွေနဲ့ တွေ့ဆုံပြီး ဒီ လူထုစုဝေးပွဲကို ကျင်းပပြီးနောက်မှာ အင်္ဂါနေ့မှာပဲ ရောမကို ပြန်လည်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required