ပါရီမြို့ရှိ လူကုံထံရပ်ကွက် မီးလောင်မှုတွင် သေဆုံးသူ ၈ ဦးရှိလာ

ပါရီမြို့ရှိ လူကုံထံရပ်ကွက် မီးလောင်မှုတွင် သေဆုံးသူ ၈ ဦးရှိလာ

ဖေဖော်ဝါရီ ၅  ။              ။ ယနေ့မနက်အစောပိုင်း ၁နာရီခန့်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့အနောက်တောင်ပိုင်းရှိ လူကုံထံရပ်ကွက် (၁၆) မှာတည်ရှိတဲ့ တိုက်ကြီးတစ်တိုက်မှာ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားသူ ၃၂ ဦးအနက် မီးသတ်သမား ၆ ဦးပါဝင်ကြောင်း၊ ကျန်တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရပါတယ်။

ယနေ့မနက် ၅ နာရီအထိ မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ဟာ မီးဆက်လက်လောင်ကျွမ်းလျက်ရှိနေတဲ့ ၈ ထပ်တိုက်ကြီးရဲ့ ၇ လွှာနဲ့ ၈လွှာမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှာ နေထိုင်သူ အယောက် ၅၀ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တာဖြစ်ပါတယ်။

“တိုက်ထဲမှာ ပိတ်မိနေတဲ့လူရှိမရှိ လိုက်ရှာနေတုန်းဆိုတော့ ဒဏ်ရာရတဲ့လူတွေ ထပ်ရှိနိုင်တယ်။”လို့ မီးသတ်တပ်ဖွဲ့အကြီးအကဲတစ်ဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်အောင် လုပ်ခဲ့တဲ့သူလို့ ယူဆရသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required