ပါရီက လူချမ်းသာရပ်ကွက်မှာ မီးလောင်မှုဖြစ်၍ ခုနစ်ဦး သေဆုံး

ပါရီက လူချမ်းသာရပ်ကွက်မှာ မီးလောင်မှုဖြစ်၍ ခုနစ်ဦး သေဆုံး

ပါရီ၊ ဖေဖော်ဝါရီ ၅ ။        ။ ပြင်သစ်နိုင်ငံ ပါရီမြို့ လူချမ်းသာရပ်ကွက်အပိုင်းက အဆောက်အအုံတစ်လုံးမှာ တနင်္လာနေ့ညက မီးလောင်မှုဖြစ်ပြီး ခုနစ်ဦးသေဆုံးကာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်စွာရတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ရှစ််ထပ်အဆောက်အအုံတစ်လုံးကို အခု မီးလောင်မှုမှာ မီးသတ်သမား သုံးဦးအပါအဝင် ၂၇ ဦးက အနည်းငယ် ထိခိုက်ဒဏ်ရာတွေ ရရိပါတယ်။

“ခုနစ်ထပ်နဲ့ ရှစ်ထပ်မှာ မီးလောင်နေဆဲဖြစ်လို့ သေဆုံးသူ တိုးလာနိုင်ခြေရှိတယ်။”လို့ မီးသတ်ဌာန ပြောခွင့်ရ ဗိုလ်ကြီး ကလီမန်ကိုနွန်က ပြောပါတယ်။

မီးဟာ ညသန်းခေါင်သန်းလွဲကျော်မှာ လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း မီးသတ်သမားတွေက ဆိုပါတယ်။

မီးခိုးငွေ့တွေနဲ့ မီးတောက်အရှိန်ကြောင့် အနီးနားကလူတွေကို မီးသတ်တပ်ဖွဲ့က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။

မီးသတ်သမားတွေဟာ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးမှုဟာ နံနက် ၅ နာရီခန့်မှာ အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းတုန်းကလည်း ပါရီမြို့ အရှေ့မြောက်ပိုင်း ဆင်ခြေဖုံးရပ်မှာ အိမ်ရာတစ််ခုမှာ မီးလောင်မှု ဖြစ်ပြီး အမျိုးသမီးနှစ်ဦးနဲ့ မိန်းကလေးငယ်နှှှစ်ဦး မီးခိုးမွှန်ပြီး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required