ပြည်သူ့အကြံပြုချက်များ ရယူမည်ဆိုသော သူရဦးရွှေမန်း၏ ပါတီမူဝါဒ ၅ ရပ် ထုတ်ပြန်

ပြည်သူ့အကြံပြုချက်များ ရယူမည်ဆိုသော သူရဦးရွှေမန်း၏ ပါတီမူဝါဒ ၅ ရပ် ထုတ်ပြန်

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ။          ။ “ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ” ဟု အမည်ပေးထားသော နို်င်ငံရေးပါတီတစ်ရပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် မှတ်ပုံတင်လျှောက်ထားလိုက်ပြီးနောက် ပါတီ မူဝါဒ ၅ ရပ်ကို ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် မှန်ကန်ထိရောက်စွာ ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တေ်ာ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လူမှုကွန်ယက်တွင် ရုပ်သံထုတ်လွှင့်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “(၁)ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ၊(၂)နို်င်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအခြေခံဖြစ်တဲ့ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊(၃) တစ်ချိန်တည်းမှာပဲ လူမှုရေးကဏ္ဍဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတို့ကို စနစ်တကျ အစီအစဉ်ရှိရှိ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ (၄) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး တရားမျှတရေးနဲ့ ငြိမ်းချမ်းရေး၊(၅) ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဆီလျော် လိုက်ဖက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရေးတို့ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

ထို့ပြင် ပါတီနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ အကြံပြုချက်များကို ခံယူလိုကြောင်းလည်း ၄င်းက ဆက်လက် ပြောဆိုထားသည်။

ပါတီအနေဖြင့် တည်ထောင်ခွင့်ရရှိပြီးပါက နိုင်ငံနှင့် ပြည်သူများအကျိုးအတွက် လုပ်ဆောင်ရာတွင် မည်သည့် ပါတီ၊ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်နှင့်မဆို လက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်ဟု CEC အဖွဲ့ဝင် ဦးကျော်စန်းက ယနေ့ ပါတီမှတ်ပုံလာရောက်တင်အပြီးတွင် မီဒီယာများကို ပြောသည်။

“ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ” ဟု အမည်ပေးထားသော နို်င်ငံရေးပါတွင် သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင် ၁၉ဦးဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိတွင် ပါတီဝင်အင်အားကိုမူ ပါတီတည်ထောင်ခွင့်ရရှိပြီး စည်းရုံးရေးဆောင်ရွက်ပြီးစီးမှသာ သိရှိနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly