ရည်းစားစကားပြောချင်လို့ . . ဆိုတဲ့ လုလင်ပျို

ရည်းစားစကားပြောချင်လို့ . . ဆိုတဲ့ လုလင်ပျို

ဒီတစ်ပတ် မဇ္စျိမရဲ့ Rising Star ကဏ္ဍမှာ ဆိုလို့ရှိရင် တေးသံရှင် လုလင်ပျိုကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ၊ ပရိသတ်များကနေပြီးတော့လည်း တေးသံရှင် လုလင်ပျိုရဲ့ သီချင်းကောင်းများနဲ့ မျှဝေခံစားပေးကြပါဦးခင်ဗျား။

မေး။ ။ ပထမအကြိမ်မှာ ဆိုလို့ရှိရင်လည်း ညီလေးက ညီလေးရဲ့ အချစ်ကို ကိုးကွယ်တဲ့အကြောင်းတွေ၊ ပြီးလို့ရှိရင် ဟိုဖက်က Life တစ်ခုကနေပြီးတော့မှာ ဒီဖက် Life အနုပညာဘက်ကို ကူးပြောင်းတဲ့ အကြောင်းတွေကို၊ ပရိသတ်တွေကို ညီလေးက ရင်ဖွင့်ပြောကြားပြီးသွားပြီ ဆိုတော့ အခု ဒီဘက်မှာဆိုလို့ရှိရင်လည်း လက်ရှိ ညီလေးရဲ့ Music ပုံစံပေါ့နော် အခု နားထဲမှာစွဲနေတာ ညီလေးလုပ်ချင်နေတဲ့ Music ပုံစံအကြောင်းကိုလည်း ပြောကြားပေးပါဦးညီလေး။

ဖြေ။ ။ ကျွန်တော်က electro ပိုင်းကို ကျွန်တော်အားသန်တယ်လေ၊ အားသန်တယ်ဆိုတာ ကျွန်တော်က electro ဆန်ဆန် သီချင်းလေးတစ်ပုဒ် ၊ သူများနဲ့မတူတဲ့ ပုံစံလေးကို ကျွန်တော် ဆိုချင်တဲ့စာသားလေးရေးချင်တယ်၊ ဆိုပြီးသွားလို့ရှိရင် ရိုက်ကူးတယ်ဆိုလို့ရှိရင် အခုခေတ်ဆို ဥပမာ မြန်မာပြည်မှာ ဆိုလို့ရှိရင်လည်း ယောကျာ်းလေးတွေထဲမှာဆိုရင် တော်ရုံတန်ရုံ မရိုက်ရဲတဲ့ ပုံစံမျိုးလေး ရိုက်တာများတယ်ပေါ့နော်၊ တစ်ချို့တော်တော်များများက ဝေဖန်ခံရမှာကြောက်တယ်လေ ကျွန်တော်ကတော့ အဲဒီလိုမကြောက်ဘူး၊ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် ဖောက်ထွက်နိုင်မှသာ သူများတွေက အနောက်က လိုက်လာနိုင်မယ်လေ။ ကိုယ်က စမဖောက်ထွက်နိုင်ဘူးဆိုရင်   ဒုံရင်းက ဒုံရင်းပဲဖြစ်မှာ ဒီ music တွေကနေ ပြောင်းမှာ မဟုတ်ဘူးပေါ့၊ အဲ့ဒီတော့ ကျွန်တော်က နိုင်ငံခြားမှာဆိုလို့ရှိရင် အမျိုးသမီး အဆိုရှင်ထဲမှာဆိုမှ လေဒီဂါဂါဆို လေဒီဂါဂါ ဒီဇိုင်းရှိတယ်၊ အမျိုးသားထဲမှာ ဂျက်စတင်ဘီဘာ၊ ဂျက်စတင်ဘီဘာရဲ့trend ရှိတယ် အဲဒီလိုမျိုးပေါ့၊ လုလင်ပျို လည်း လုလင်ပျို term တစ်ခုရှိတာပဲ၊  ကျွန်တော်က အဲ့ဒီပုံစံမျိုးပေါ့။

မေး။ ။ ဒါကတော့ ညီလေးရဲ့ လတ်တလော စိတ်ထဲမှာ ဖြစ်နေတဲ့ Music ပုံစံနဲ့ ပြီးလို့ရှိရင် ညီလေးရိုက်ခဲ့တဲ့ mtv တွေအကြောင်းကနေ ပြောကြားပေးတာ အခုလတ်တလောမှာ ဆိုလို့ရှိရင်လည်း ညီလေးအနေနဲ့ပေါ့နော် ဘယ်လိုမျိုးတွေ လုပ်နေလဲ ရိူးပွဲတွေရော ဘယ်လို်ဆိုနေလဲ နယ်ပွဲတွေရော သွားနေလား ဆိုတဲ့ဟာမျိုး အကြောင်းတွေလည်း သိပါရစေ ညီလေး။

ဖြေ။ ။ ကျွန်တော် အခု ခွေထွက်ထွက်ပြီးချင်းတုန်းကတော့ ကျွန်တော် နယ်တွေ လိုက်မဆိုဖြစ်ဘူး၊ ကျွန်တော် သိပ်နားမလည်သေးတာပါပေါ့နော်၊ ရန်ကုန်မှာပဲ ကျွန်တော်ဆိုတယ် ။ ကြာလာတော့ ကျွန်တော် စဉ်းစားမိလာတယ် ။ ရန်ကုန်မြို့က ကျဉ်းကျဉ်းလေး သိတယ်မလား၊ တကယ်ဆိုရင် ပွဲလုပ်တဲ့နေရာတွေက ပရိသတ်က ဒီလူက ဒီလူပဲလေ ထပ်ပြီး ကျွန်တော့်အတွက် မတိုးနိုင်တော့ဘူး။ ကျွန်တော် ဒီပွဲတစ်ပွဲ ဆိုတယ်ဆိုရင်လည်း အောက်မှာ ဒီလူလောက်ပဲ ထားပါတော့ ။  ကျွန်တော် ဖက်ရှင်ရှိုး ကြီးတစ်ခုဆိုလည်း ဆိုလိုက်မယ် ဖက်ရှင်ရိူးပွဲတစ်ပွဲဆိုမယ် ဒီအောက်က လူတွေက ဒီလူလောက်ပဲပေါ့ ပြန်ပြန်ထပ်နေတယ် ကျွန်တော်ခံစားရတယ်ပေါ့နော် အဲ့ဒီလိုမျိုး ။ အဲ့ဒါကြောင့် ကျွန်တော် ငါဒီတစ်နေရာထဲမှာ အဆင်မပြေတော့ဘူး အစက နယ်တွေဆို ကျွန်တော် မဆိုချင်ဘူး ပင်ပန်းတယ်၊ နယ်တွေဆိုရတာ အရမ်းပင်ပန်းတယ်လေ စားရသောက်ရတာရော၊ သွားတာလာတာ အခုတော့ ကျွန်တော် နယ်တွေဘာတွေ အကုန်လိုက်ဆိုတယ် နယ်မှာ ရတဲ့ပွဲမှန်သမျှ ကျွန်တော် အကုန်လက်မလွတ်တမ်း ကျွန်တော် လိုက်ဆိုတာပဲ။

မေး။ ။ ဖေ့စ်ဘုတ်မှာလည်း တွေ့ပါတယ် နယ်တွေသွားဆို ဟိုမှာသွားဆို ဒီမှာသွားဆိုနဲ့နော်၊ ဆိုတော့ အခုတောင်မှ ဖိတ်ဖို့တောင်မှ ရက်ကို မနည်းပြန်ပြီးတော့ ချိန်းပြီးတော့ သွားနေရတယ်ဆိုတော့။

ဖြေ ။   ။ဘန်ကောက်မသွားခင်ကတည်းက ချိန်းနေတာ။

မေး ။ ။ ကြားထဲမှာလည်း နယ်ပွဲတွေ သွားနေတာနဲ့ပဲ မချိန်းမိဖြစ်သွားတယ်၊ ဆိုတော့ ညီလေးအနေနဲ့ အခုအချိန်မှာ ဆိုလို့ရှိရင်လည်း MTV နှစ်ပုဒ်ထပ်ရိုက်ထားတယ်လို့ ကြားတယ်၊ ကြားတယ်ဆိုတော့ ပထမဦးဆုံး MTV လေးကို ပရိသတ်တွေကို ညီလေးက ချပြချင်လား ဆိုတော့ ဘယ်လိုမျိုးလေး ဘယ်လိုမျိုးပုံစံ ချပြချင်လဲ။

ဖြေ။ ။ ပထမဦးဆုံး ကျွန်တော် လောလောဆယ် ချပြတာ နည်းနည်းလေး ဆန်းဆန်းလေး ကျွန်တော်ချပြမယ်၊ psycho နည်းနည်း ဆန်တယ်ပေါ၊့ သီချင်းလေးက၊ ရိုက်ကူးတာလေးက ရိုက်ကူးတဲ့အချိန်မှာ ကျွန်တော်   မော်ဒယ်ဆိုလို့ရှိရင် တကယ်ကို ဘော်ဒီအရမ်းမိုက်ပြီး အရပ်ဆိုလည်း ၆ ပေကျော်တယ်၊ မင်းသားဆို ကိုးရီးယားမင်းသားနဲ့ ကျွန်တော် ရိုက်ထားတာ၊ သူက ကိုးရီးယားကနေ ဒီကို တကူးတက လာရိုက်ပေးတာ ကိုးရီးယားနိုင်ငံမှာလည်း အနုပညာလုပ်တယ် ဒီမှာလည်း လုပ်တယ်၊ ဒီမှာလည်းလုပ်တယ်ပေါ့နော်။

မေး။ ။ ဆိုတော့ ကိုးရီးယားမင်းသားနဲ့ ရိုက်ထားတယ် MTV ဆိုတဲ့အတွက်ကြောင့်မို့လို့ ထူးခြားမှုတွေ အများကြီးပါလိမ့်မယ်လို့ထင်တယ်၊ ဆိုတော့ production က မြန်မာနိုင်ငံက production ပဲပေါ့။

ဖြေ။ ။ မြန်မာနိုင်ငံက production ပဲ ကျွန်တော်တို့က HK Media ကနေပြီးတော့ ရိုက်လိုက်တာ။

မေး။ ။ ဒါဆိုလို့ရှိရင် ရိုက်ထားတဲ့ MTV ရဲ့ Trend က ဘယ်လိုပုံစံနဲ့သွားထားလဲ။

ဖြေ။ ။ trend က ဘယ်လိုလဲ ဆိုတော့ နည်းနည်းတော့ သီချင်းကိုက အမျိုးမျိုးမလုပ်နဲ့ ဆိုတော့ သီချင်းရဲ့ပုံစံကိုက ဥပမာ အခုချစ်လိုက် အခုမချစ်လိုက် စာသားတွေဆို နည်းနည်းဆန်းတယ၊် ဥပမာ ရှေ့ကသွင်းလိုက် နောက်ကထည့်လိုက် ငါ့နှလုံးသားက ဆန်ကာပေါက်ဖြစ်လိုက် ဘာလို့ဆို နှလုံးသားကို ရှေ့ကထည့်လိုက် နောက်ကထည့်လိုက်ဆိုတော့ နှလုံးသားက ကြာတော့ ဆန်ကာပေါက်ဖြစ်သွားတယ်။ အဲ့ဒီလိုမျိုးပေါ့၊ အဲ့ဒီလိုစာသားလေးတွေကို ကျွန်တော် ဆန်းဆန်းလေးကို ကျွန်တော်စပ်ထားတယ်၊ စပ်ထားပြီးတော့ လှည့်စားသလို ကစားသလို အမျိုးမျိုးမလုပ်နဲ့ ဆိုတော့ ၊ အဲ့ဒီလိုမျိုးလေးဆိုတော့ သဘောသဘာဝကိုလည်း ကျွန်တော် စိတ်ကူးနေပေါ့နော်။ တောထဲမှာ ကောင်မလေးကို ပြေးခိုင်းမယ် အဲ့ဒါ တကယ့်တောထဲကို သွားရိုက်တာ ကျွန်တော်တို့တွေ လှော်ကားရဲ့ တောနက်ထဲမှာ ကျွန်တော်တို့သွားရိုက်တာ။  အဲ့ဒီတုန်းကဆို ထူးထူးခြားခြား ဘာဖြစ်လဲဆိုတော့ မိုးကလည်း အရမ်းရွှာတယ်၊ အဲ့ဒီကနေ့ တကယ်ဆို မိုးရွှာရင် ရှူတင်ကပျက်ပြီလေ၊ ဒါပေမယ့် ရှူတင် အပျက်မခံဘူး ၊ ကျွန်တော် မိုးရေထဲမှာ ပြေးခိုင်းပြီးတော့ ရိုက်တာ။ ကဲ ထူးထူးခြားခြားဖြစ်တာက ကျွန်တော်က ဒီသီချင်းကို ရိုက်မယ်ဆိုတော့   ကျွန်တော်ဘယ်လိုလုပ်ချင်လဲဆိုတော့ ၊ ကျွန်တော် ကိုးရီးယား မင်းသားကို နောက်ကနေ ဓားနဲ့ ကျွန်တော် လိုက်ခိုင်းတာ၊ ကောင်မလေးကိုကျတော့ လုံးဝ ဂါဝန်ကြီးမပြီး ပြေးခိုင်းမှာ၊  အဲ့ဒီလိုမျိုး ကျွန်တော် စိတ်ကူးရတာပေါ့နော် အဲ့လိုမျိုး ဒါပေမယ့် သူ့ကို ကြောက်တဲ့ပုံစံမပေါ်စေချင်ဘူး ကောင်မလေးကို တစ်ချို့ဆို တစ်ချို့ MTV တို့လည်း ရှိပါတယ် နိုင်ငံခြားတွေမှာလေ ဒါပေမယ့် အရမ်းကြောက်တယ်၊ အဲ့ဒီလို ကိုယ့်နောက်လိုက်တာ မဟုတ်ဘူး။ ကောင်မလေးက ကြောက်တယ်လည်း မဟုတ်ဘူး။ သူကအဲ့ဒီလို ပြေးတော့ပြေးနေတယ် သူစိတ်ထဲမှာ ကြောက်တာကို သူမဖော်ပြချင်ဘူး။ ဒါပေမယ့် လန့်တော့လန့်နေတယ် ၊အဲ့ဒီလိုမျိုးဖြစ်နေတာ သူ့မျက်နာကို နည်းနည်းတည်ခိုင်းထားတယ်၊ အဲ့ဒီလိုမျိုးလေး ကလေးလေးက သရုပ်ဆောင်တတ်ပါတယ် သူ့ကိုအဲ့ဒီလိုမျိုးလေး သူလုံးဝ တည်တည်လေးထားတယ် ၊ သူတောထဲမှာ ပြေးတယ်၊ နောက် ကိုးရီးယားမင်းသားကလည်း သတ်ဖို့လိုက်တယ်၊   နည်းနည်း psycho ဆန်အောင်ပေါ့နော် ဒီ trend ကို မပြဘူး၊  ဘယ်လိုပြောမလဲ လိုက်သတ်နေတယ် ဆိုတာလည်း ပေါ်လွင်တယ်၊ ဒါပေမယ့် လိုက်သတ်တယ်ဆိုတာ မပြချင်ဘူး ။ အဲ့ဒီလိုမျိုး နောက်ဆုံးအခန်းကျမှပြတယ် အဲဒီလို ပုံစံမျိုးလေးဖြစ်ချင်တာပေါ့နော်။

မေး။ ။ ဒီသီချင်းဟာဆိုလို့ရှိရင် တကယ့်ကို မှော်ဆန်တယ်လို့ ပြောလို့ရတာပေါ့ ဆိုတော့ ညီလေး အချစ်ရေးကျတော့ရော ဒီလိုပုံစံပဲလား။

ဖြေ။ ။  အချစ်ရေးက မှော်တော့ မဆန်ပါဘူး၊ ညီလေးအချစ်ရေးက အမြဲတမ်း အကြမ်းပဲ။

မေး။ ။ ဆိုတော့ ဒုတိယ အလ်ဘမ်အတွက်ကိုရော ညီလေးအနေနဲ့ ပြင်ဆင်ထားတဲ့ အပိုင်းလေးရှိရင်လည်း သိပါရစေ။

ဖြေ။ ။ ကျွန်တော်ရေးထားတာကတော့ သုံးခွေစာလောက်ကိုရှိတယ် ။ ကျွန်တော်က ဒီတစ်ခွေပြီးသွားရင် နောက်ထပ်တစ်ခွေက ကျွန်တော် ဘယ်လိုထွက်မလဲ ဆိုတာ ကျွန်တော်် စီစဉ်ပြီးသား ပုံစံမတူအောင် ကျွန်တော် လုပ်မယ်ပေါ့နော်၊ ပုံစံရော ရိုက်ကူးတာရော၊ ဆိုပုံဆိုနည်းက နည်းနည်း ကွဲသွားအောင် ကျွန်တော်လုပ်မယ်ပေါ့နော်။ ဒါပေမယ့် လောလောဆယ်မှာ ဒီတစ်ခွေတော့ ပြီးဆုံးအောင် ကျွန်တော်လုပ်ချင်တယ်၊ လောလောဆယ် လုပ်ထားတဲ့အလုပ်တစ်ခုလေးကို ကျွန်တော် ပြီးမြောက်အောင် လုပ်ချင်တယ်။ ဒါပေမယ့် အစ်ကိုကြီး သိတဲ့အတိုင်းပဲလေ သီချင်းတစ်ပုဒ်ရိုက်တယ်ဆိုတာကလည်း သိန်းနှစ်ဆယ် သိန်းသုံးဆယ် အဲ့ဒီလိုကုန်နေတာဆိုတော့လေ အဲ့ဒီတော့ ကျွန်တော့်ရဲ့ ဝင်တဲ့ဝင်ငွေတွေနဲ့ ကျွန်တော်ပြန်ချိန်ရသေးတယ်၊ တစ်လထဲမှာ ကျွန်တော် သုံးလေးပုဒ်ဘယ်လိုလုပ်ရိုက်နိုင်မှာလဲ ကျွန်တော့်ရဲ့ အဝတ်အစားရှိတယ်၊ သွားတာလာတာ ရှိတယ် ၊ ကျွန်တော်ပွဲတက်ရတာရှိတယ်။ အဲ ကျွန်တော့်ကုန်ကျစားရိပ်လေးတွေရှိတော့ ရတဲ့သီချင်းဆိုတဲ့ အရာတွေ ဘယ်မှ တော်ရုံတန်ရုံ ဘယ်မှ ကျွန်တော်မသွားဘူး ကျွန်တော် ပိုက်ဆံစုထားတာ နှစ်လတစ်ပုဒ်လောက် အဲ့ဒီလို ကျွန်တော်ရိုက်ပြီးတော့ ဖြေးဖြေးချင်းပေါ့နော် ရိုက်ပြီးတော့ ကျွန်တော်သွားမယ်ပေါ့နော် အဲ့ဒီလို စဉ်းစားထားတယ်။

မေး။ ။ အနုပညာလောကထဲမှာ ဆိုလို့ရှိရင်တော့ အများဆုံးကြားရတဲ့ စကားတစ်ခုပေါ့နော် နောက်က တက်လာတဲ့လူတွေကို အရှေ့က စီနီယာကြီးတွေက ပြန်ပြီးတော့မှ Welcome လုပ်တဲ့အပိုင်းတွေလည်းရှိတယ်၊ ပိတ်ထားတဲ့အပိုင်းတွေလည်းရှိတယ်၊ ဆိုတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ရော ညီလေးအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေခံလေးကို ပြောကြားပေးပါဦး။

ဖြေ။ ။ ကျွန်တော်ကတော့ အဲ့ဒါကို ခဏခဏကြုံနေရတယ် ဘယ်လိုလဲဆိုတော့ ဥပမာ ကျွန်တော်ပွဲတစ်ခုသွားဆိုတယ် ပွဲသွားဆိုတယ်ဆိုတာ နာမည်ကြီးတွေလည်း ပါတာပေါ့နော် ကျွန်တော့်လောက်တော့ နာမည်မရှိသူတွေပါတယ် နာမည်ကြီးပြီးသားလူတွေလည်းပါတယ် ကျွန်တော်ဆိုနေတယ် ပြီးတော့ ကျွန်တော့်ကြားမှာပေါ့နော်၊ ဒါပေမယ့် ကျွန်တော်တော့ နည်းနည်းစိတ်ရှည်တယ် ပြောရမှာပေါ့ သူတို့တွေက သွားမယ် သွားတော့မယ် ဆိုတော့မယ် အခုဆိုမယ် သူတို့က နောက်ကျမှရောက်တယ် ကျွန်တော်က အမြဲတမ်း right time သမား၊ ကျွန်တော့်ကို organizer က သုံးနာရီဆိုရင် ကျွန်တော် သုံးနာရီရောက်တယ်။ ကျွန်တော့်ကို နှစ်နာရီဆို ကျွန်တော် နှစ်နာရီရောက်တယ်။ ကျွန်တော်မလှရင် မလှနေပါစေ၊ ရုပ်ဆိုးရင် ရုပ်ဆိုးနေပါစေ၊ ကျွန်တော်ရောက်အောင်သွားတယ်၊ ကျွန်တော်ဘာသာ ကျွန်တော့်ရဲ့ rights ပေါ့နော် ကျွန်တော် အချိန်မှန်အောင်သွားတယ် ။ ဒါပေမယ့် တစ်ချို့လူတွေပေါ့နော် တစ်ချို့အနုပညာရှင် တွေက သူတို့ကနောက်ကျမှလာတယ် ကျွန်တော်ကအချိန်ဆို right time ရောက်နေပြီ ။ ကျွန်တော်ထိုင်စောင့်တယ် ၊သူတို့က နောက်မှရောက်လာပြီး သူတို့ကိုအရင်ပေးဆိုပါ ဆိုပြီးတော့ သူတို့က  ဆိုပြီး ပြန်သွားရော ကျွန်တော်က အစဦးဆုံးရောက်ပြီး နောက်ဆုံးမှဆိုရတယ် ၊ အဲ့ဒီလိုမျိုးတွေ ကြုံခဲ့ရတယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ကျွန်တော် ပွဲတွေမှာပေါ့နော် ကျွန်တော့်ကို မထည့်စေချင်တာလည်းရှိတယ်ပေါ့ ၊ တစ်ချို့က အဲ့ဒီလို ကျွန်တော် ခဏခဏပွဲဖျက်ခံရတာတွေလည်းရှိတယ် အဲ့ဒီလိုကြုံခဲ့ဖူးပါတယ်။  

မေး။ ။ ဒါကတော့ ညီလေးအပြင်ပွဲတွေမှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေပေါ့နော် ဒီအခွေထုတ်တဲ့ အချိန်မှာတုန်းကရော အဲ့ဒီလိုမျိုးအကြောင်းအရာတွေနဲ့ ကြုံခဲ့ဖူးသေးလား။

ဖြေ။ ။ အခွေမှာတော့ ကြုံခဲ့ဖူးတယ် ကျွန်တော့် တစ်ကိုယ်တော်အခွေမှာတော့ သိပ်မကြုံခဲ့ဘူးပေါ့နော်၊ ဒါပေမယ့် အရင် ဂရုခွေထဲမှာ ကျွန်တော်သုံးခွေလောက် ကျွန်တော်ဆိုခဲ့ဖူးတယ် ဂရုခွေ သုံးခွေမှာဆိုတော့ ဖြစ်ချင်တော့ ကျွန်တော်ပဲ ကံဆိုးတာလားမသိဘူး ကျွန်တော်ပါတဲ့အခွေတွေက တကယ် officially မထွက်တဲ့ ခွေတွေဖြစ်နေတယ်၊ ကျွန်တော် အကုန်ကျခံပြီး လုပ်ထားတယ်၊ ရိုက်ကူးရေးတွေရော သီချင်းသွင်းတာတွေရော သီချင်းတွေအကုန်လုပ်ထားတယ်။ လုပ်ထားပြီးသွားတော့မှ ခွေတွေက ဆိုင်မှာမရှိဘူး။ အဲ့ဒီလိုမျိုးတွေပေါ့ ပိုက်ဆံလေးကျတော့ ယူသွားတယ် ၊ ဒါပေမယ့် ဆိုင်မှာမတင်တဲ့အခွေတွေဖြစ်နေတယ် သူတို့ဟာသူတို့ ထုတ်တယ် သူတို့ဟာသူတို့ စက်တွေနဲ့ထုတ်တယ် ၊သူတို့ဟာသူတို့ အိမ်မှာ ကွန်ပျူတာတွေနဲ့ ထုတ်ပြီးဖြန့်တယ် ၊ သူတို့ဟာသူတို့ ပရိုမိုးရှင်းလုပ်တယ်၊ သူတို့ဟာသူတို့ လုပ်ပြီးတော့ ပြီးသွားတဲ့ပွဲမျိုးတွေ၊ ထုတ်လိုက်ပြီဆိုတာပဲ သိလိုက်တယ် ။ဘယ်မှာ တကယ်ဆို ခွေထွက်ပြီဆိုရင် တကယ် officially လည်း မြန်မာတစ်နိုင်ငံလုံးမှာ ရှိရမယ်၊ ထားပါတော့ ဘယ်လို music production ဖြစ်ဖြစ် ချိတ်ဆက်ပြီးတော့ တကယ့်ကို ထုတ်နိုင်ရမယ်၊ ဟုတ်တယ်မလား။ တကယ် ကိုယ်သီချင်းခွေ ထွက်ပြီဆို ကိုယ့်ရဲ့ဘယ်ကူးခွေမဆို ဆိုင်မှာ ရှိကိုရှိနေရမယ် အဲ့ဒီလိုမဖြစ်ဘူး ၊ ဒါကြီးက ဘာလုပ်မှာလဲ ကျွန်တော် မလုပ်တော့ဘူးပေါ့ ကျွန်တော်သူ့ဆီပိုက်ဆံမပေးတော့ဘူး၊ အွန်လိုင်းမှာ ကျွန်တော်တင်သွားမှာပေါ့ ၊ ရိုက်ပြီးတော့။ အဲ့ဒီလိုမျိုးကျွန်တော်ကြုံခဲ့ရတယ်။

မေး။ ။ ဆိုတော့ သုံးခွေစလုံး ကြုံခဲ့တာပေါ့ ။

ဖြေ။ ။ သုံးခွေလုံး ကြုံခဲ့တာ၊ ကြုံခဲ့တဲ့အချိန်မှာ နောက် အဲ့ဒီလူတွေနဲ့တော့ ပြဿနာတော့ မဖြစ်ခဲ့ပါဘူး။  ဒါပေမယ့် ကျွန်တော်ရှောင်လိုက်တာပေါ့လေ နောက် သူတို့နဲ့ အလုပ်တွဲမလုပ်တော့ဘူး ဘယ်တော့မှ။

မေး။ ။ ဒါကတော့ Music ရေးသားလောကမှာ ဒါကြုံတွေ့နေရတာ အသစ်တော်တော်များများကလည်း အဲ့ဒီလိုပုံစံနဲ့ ကြုံတွေ့နေရတာပဲ၊ ဆိုတော့နော် နောက်ပိုင်းဆိုလို့ရှိရင် နောက်အသစ်လာမယ့် New Generation ကို ဆောင်ရန် ရှောင်ရန်လေးတွေပေါ့။

ဖြေ။ ။ ဆောင်ရန်ရှောင်ရန်ဆိုတော့ သူတို့ကသိမှာမဟုတ်ဘူး စစဆုံးအသစ်ဆိုတော့ စမ််းတဝါးဝါးပဲလေ ဘယ်သူကဆရာမှန်းလည်းမသိ ဘယ်သူကကောင်းတယ်ဆိုတာလည်းမသိဘူး သူတို့လည်း ကြုံရဖို့များပါတယ်။

မေး။ ။ ဒါဆိုလို့ရှိရင် ညီလေးလည်း ကြုံခဲ့ပြီးသွားပြီဆိုတော့ ပရိသတ်တွေကို ဒုတိယ သီချင်းတစ်ပုဒ်ဘက်ကို ကျွန်တော်လှည့်လိုက်မယ်၊ ဆိုတော့ ဒုတိယသီချင်းတစ်ပုဒ်အနေနဲ့ ဘယ်သီချင်းကို ပြပေးချင်တာလဲ။

ဖြေ။ ။ ဒုတိယသီချင်းတစ်ပုဒ်အနေနဲ့ဆိုရင် နည်းနည်းလေး ထူးထူးခြားခြားရိုက်ထားတာရှိတယ်၊ အဲ့ဒါအခု Miss World ပြိုင်နေတဲ့ ဟန်သီပေါ့နော် ၊ ဟန်သီနဲ့ ရိုက်ထားတဲ့သီချင်းလေး။ သူကျတော့ နည်းနည်းပေါ့ Romantic ဆန်တဲ့သီချင်းလေးပေါ့၊ နင်ငါ့ကို ချစ်တယ်ဆိုရင် လာခဲ့ပါ။   အဲ့ဒီလိုပုံစံမျိုး လှမ်းခေါ်နေတာ၊ လှမ်းခေါ်နေတာ သီချင်းက ကောင်မလေးကို အိမ်ထဲကနေပြီးတော့ အပြင်ကို မထွက် ထွက်အောင်ကို လှမ်းခေါ်နေတာ၊   အဲ့ဒီလိုသီချင်းမျိုးလေးပေါ့။ သီချင်းနာမည်ကိုကလည်း ရည်းစားစကားပြောချင်လို့တဲ့  အဲ့ဒီလိုမျိုး အဲ့ဒီတော့ ကျွန်တော်က ပထမစိတ်ကူးတာက သရုပ်ဆောင်ကို။ ကျွန်တော်ကတော့ အဆိုသက်သက်ပဲပေါ့နော် အဆိုပဲပါတယ်၊ ဒါပေမယ့် ကျွန်တော်ပဲ သရုပ်ဆောင်မယ်ဆိုရင် ရိုးမယ်လေ၊ အဲ့ဒီတော့ သူများတွေ ကျွန်တော်ထည့်တာ၊ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ပေါ့နော် နည်းနည်း အသက်အလတ်ပိုင်းလေးပေါ့ အလတ်ပိုင်းကို ကျွန်တော်ခေါ်တယ် ဘာလို့လဲဆိုတော့ များသောအားဖြင့် အပြင်မှာဆိုလို့ရှိရင်လည်း ကောင်မလေး ချောချောလေးနဲ့ Romantic ဆန်တဲ့သီချင်းတွေများတယ် ။ ကျွန်တော်တော့ အသက်အရွယ် အလယ်အလတ်ပိုင်း၊ လူကြီးပုံစံက နေပြီးတော့ ဒီကောင်မလေးကို ခေါ်တဲ့ပုံစံမျိုး။ ကောင်မလေးက ငယ်ငယ်လေးဆိုတော့လေ   သူ့ရဲ့ ကောင်လေးနဲ့ လေးငါးခြောက်နှစ်လောက် ကွာမယ်၊ အသက်ကြီးကြီး ရုတ်တရက်အနေနဲ့ ကုမ္ပဏီပိုင်ရှင်ပုံစံမျိုးပေါ့၊ အဲ့ဒီလိုမျိုးပုံစံလေး သူက သူ့ကို Romantic တွေပေးနေတာ ၊ အဲ့ဒီလိုမျိုး ကောင်မလေးက အဲ့ဒီမှာ သာယာနေတာ ၊အဲ့ဒီလိုမျိုးပေါ့ အဲ့ဒီလိုပုံစံရိုက်ထားတယ်ပေါ့။

တစ်ခုပြောလိုက်အုန်းမယ်၊ အဲ့ဒီထဲမှာ ဘာထူးခြားလဲဆိုတော့ တစ်အိမ်လုံးကို ကျွန်တော် ပန်းခင်းရတာ အိမ်ကသုံးလွှာရှိတယ်ပေါ့နော် သုံးထပ်လုံး အဲ့ဒီသုံးထပ်လုံးကို ကျွန်တော် ပန်းတွေခင်းထားတာ ပန်းဖိုးချည်းးပဲကို သုံးသိန်းခွဲလောက်ကျတယ်၊ လျှောက်လမ်းပေါ့၊ နှင်းဆီပန်း ဆိုတာ ချွေလိုက်ရင် နည်းနည်းပဲရတယ်လေ၊ နည်းနည်းရတယ်ဆိုတာ နှင်းဆီပန်းဖိုးချည်းက သုံးသိန်းကျော်တယ် တစ်လမ်းလုံးခြံထဲထိခင်းရတာ။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly