ကမ္ဘာအနှံ့က တရုတ်လူမျိုးများ ဝက်နှစ်ကူးပွဲတော်ကို ကြိုဆို

ကမ္ဘာအနှံ့က တရုတ်လူမျိုးများ ဝက်နှစ်ကူးပွဲတော်ကို ကြိုဆို

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၅ ။             ။ ကမ္ဘာအနှံ့က တရုတ်လူမျိုးတွေဟာ အင်္ဂါနေ့မှာဆိုရင် တရုတ်ရဲ့ ဝက်နှစ်ဆီ ကူးပြောင်းတဲ့ လနှစ်သစ်ကူးကို စတင်ကြိုဆိုကြပြီ ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးကာလတွေဟာဆိုရင် ခရီးထွက်တာနဲ့ မိသားစုဆွေမျိုးတွေဆီ ပြန်ကြတာတွေနဲ့ ကမ္ဘာမှာ အကြီးမားဆုံး ရွှေ့ပြောင်းသွားလာရာ ကာလအချိန်ပိုင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက တရုတ်ပြည်မကြီးမှာ သန်းပေါင်းများစွာသော ပြည်သူတွေဟာ မိသားစုတွေ၊ အသိမိတ်ဆွေတွေဆီ ပြန်ကြတာကြောင့် ရထားတွေ၊ ကားတွေနဲ့ လေယာဉ်တွေ လူတွေ ပြည့်နှံ့နေခဲ့ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ တရုတ်မြို့ကြီးတွေဟာဆိုရင် ခုလို နေရပ်ပြန်ကြတဲ့ အလုပ်သမားတွေကြောင့် လူသူရှင်းသွားတဲ့ မြို့ကြီးတွေအဖြစ် ကျန်ရစ်တော့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ရောက်ရှိနေတဲ့ တရုတ်အသိုင်းအဝန်းဟာလည်း ဝက်နှစ်ကို ကြိုဆိုတဲ့ ပွဲလမ်းသဘင်တွေ ကျင်းပကြပါတယ်။ ကမ္ဘာအနှံ့က တရုတ်တန်းတွေမှာ ကြက်ပျံမကျ စည်ကားနေတာကို မြင်တွေ့ရပါတယ်။

ဆစ်ဒနီ၊ လန်ဒန်၊ ဗင်ကူးဗား၊ လော့စ်အိန်ဂျလိစ်နဲ့ အစရှိတဲ့ ကမ္ဘာ့မြို့ကြီးတွေက တရုတ်တန်းတွေမှာ နှစ််သစ်ကို ကြိုဆိုပွဲတွေ ကျင်းပဆင်ယင်ကြပါတယ်။

နှစ်သစ်ကူးကာ သီတင်းနှစ််ပတ်တာ ပွဲလမ်းသဘင်တွေနဲ့အတူ မိသားစုတွေ ပြန်လည်ဆုံစည်းမှုမှာ လက်ဆောင်တွေ အပြန််အလှန်ပေးကြတာ၊ အန်ပေါင်းပေးတာတွေနဲ့ အစဉ်အလာမပျက် တရုတ်နှစ်သစ်ကူးပဲ ဖြစ်ပါတယ်။

အခု ကျရောက်တဲ့ ဝက်နှစ်ဟာဆိုရင် တရုတ်ယဉ်ကျေးမှုအရ ဝက်ရဲ့ သင်္ကေတဟာ ကံကောင်းခြင်းနဲ့ ချမ်းသာခြင်းကို ကိုယ်စားပြုထားတာပဲ ဖြစ်ပါတယ်။

ဒီ နှစ်သစ်ကူးအားလပ်ရက်မှာ ပြည််ပခရီးထွက်မယ့် တရုတ်ခရီးသွားဧည့်သည်ဦးရေဟာ ခုနစ်သန်းခန့် ရှိလိမ့်မယ်လို့ တရုတ်ခရီးသွားအေဂျင်စီတွေကို ကိုးကားပြီး ရှင််ဟွာသတင်းက ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required