အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲယှဉ်ပြိုင်ရန် ရန်ကုန်ယူနိုက်တက်အသင်း ဖိလစ်ပိုင်တွင် စတင်လေ့ကျင့်

အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲယှဉ်ပြိုင်ရန် ရန်ကုန်ယူနိုက်တက်အသင်း ဖိလစ်ပိုင်တွင် စတင်လေ့ကျင့်
Photo-Yangon United Fc

ဖေဖော်ဝါရီလ ၄ ။             ။ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက်အသင်းသည်၂၀၁၉ ဖိလစ်ပိုင်နိုင်ငံ ဘာကိုလော့မြို့သို့ ရောက်ရှိနေပြီး နည်းပြအဖွဲ ့ဝင် ၉ ဦး၊ ကစားသမား ၁၈ ဖြင့် စတင် လေ့ကျင့် နေပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ညနေ ၆ နာရီတွင် ဖိလစ်ပိုင်ကလပ် ဆီးရက် နီဂရို့စ် အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နည်းပြချုပ် ဦးမျိုးမင်းထွန်း၊ ဂိုး ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊ နောက်တန်း မင်းကိုသူ၊ ပြည်ဖြိုးဇော်၊ ထူးခန့်လွင်၊ သူရိန်စိုး၊ ဇာနည်ထက်၊ မင်းကျော်ခန့်၊ အလယ်တန်း- ရန်အောင်ကျော်၊ ရန်လင်းအောင်၊ သက်ပိုင်စိုး၊ ကောင်းထက်စိုး၊ မောင်မောင်လွင်၊ ကျော်ဇင်ဦး၊ ယာမာဇာကီ ရှေတန်း- ဆယ်လာ၊ မီလာ၊ သန်းပိုင် တို့ပါဝင်ကြောင်း၊  အမာခံကစားသမားဖြစ်သည့် ကြည်လင်း မှာ ကြံခိုင်မှု မပြည့်မှုကြောင့် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်အသင်းသည် ၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင်ဗိုလ်ဆွဲခဲ့ခြင်းကြောင့် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်ကို စတင်ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပြီး ဒုတိယအဆင့်တွင် ထိုင်းကလပ် ချင်းရိုင် ယူနိုက်တက် အသင်းနှင့်ယှဉ်ပြိုင်ကစားရမှဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိ ယှဉ်ပြိုင်ကစားနေသည့် ၂၀၁၉ အမ်ပီတီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ တွင် ပွဲစဉ် ၄ အပြီး၌ ၂ပွဲ နိုင် ၁ ပွဲသရေ ၁ပွဲ ရှှုံး ဖြင့် အမှတ်ပေးဇယား ၏ နံပတ် ၅ တွင် ရပ်တည်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly