စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့တဲ့ ဘာစီလိုနာ-ရီးယဲလ်မက်ဒရစ်

စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့တဲ့ ဘာစီလိုနာ-ရီးယဲလ်မက်ဒရစ်

စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး)ပြိုင်ပွဲ ဆီးမီးဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ မဟာပြိုက်ဘက် ရီးယဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရင်ဆိုင်ရာမှာဖြစ်ပါတယ်။

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်အဆင့် မွဲခွဲမှုကို ဖေဖော်ဝါရီ ၁ နေ့က ပြုလုပ်ခဲ့တာပါ။

ကွာတားဖိုင်နယ်အဆင့်မှာ ရီးယဲလ်အသင်းက ဂီရိုနာကို နှစ်ကျော့စလုံး ၇-၃ ဂိုးရလဒ်နဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့သလို ဗလင်စီယာအသင်းကလည်း ဂီတာဖေးကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ ပြန်လည်အနိုင်ယူခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ဆီဗီလာကို ပထမအကျော့မှာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာတော့ ၆-၁ ဂိုးနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့ ရီးယဲလ်ဘက်တစ်ကလည်း အက်စပန်ညိုကို နှစ်ကျော့ပေါင်း ၄-၂ ဂိုးနဲ့ နိုင်ပြီး ဒီအဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ-ရီးယဲလ် ပွဲစဉ် ပထမအကျော့ကို ဖေဖော်ဝါရီ ၆ ရက်မှာ နူကမ့်ကွင်းမှာ ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားသွားပါမယ်။

စပိန်ဘုရင့်ဖလားပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ ရီးယဲလ်အသင်း နောက်ဆုံးအကြိမ် ဖလားဆွတ်ခူးပြီးနောက်ပိုင်း ဒီဆုဖလားကို ၄ ကြိမ်ဆက် ဆွတ်ခူးထားပြီး ၅ ကြိမ်ဆက် ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေပါတယ်။

သောကြာနေ့ရဲ့ မဲခွဲရလဒ်အရ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ဟာ မတ်လ ၂ ရက်၊ ဘာနေဗျူးမှာ ကစားမယ့် လာလီဂါပွဲစဉ်အပါအဝင် တစ်လအတွင်း ၃ ကြိမ် တွေ့ဆုံရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

စပိန်ဘုရင့်ဖလားပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက် ချန်ပီယံအသင်းများနဲ့ ဆုဖလားအရေအတွက်

၁။ ဘာစီလိုနာ (၃၀) ကြိမ်
၂။ ဘီလ်ဘာအို (၂၃) ကြိမ်
၃။ ရီးယဲလ်မက်ဒရစ် (၁၉) ကြိမ်
၄။ အက်သလက်တီကို (၁၀) ကြိမ်
၅။ ဗလင်စီယာ (၇) ကြိမ်
၆။ ဇာရာဂိုဇာ (၆) ကြိမ်
၇။ ဆီဗီလာ (၅) ကြိမ်
၈။ အက်စပန်ညို (၄) ကြိမ်
၉။ ရီးယဲလ်ယူနီယံ (၄) ကြိမ်
၁၀။ ဆိုစီဒက် (၂) ကြိမ်
၁၁။ ရီးယဲလ်ဘက်တစ် (၂) ကြိမ်
၁၂။ ဒီပို့တီဗို (၂) ကြိမ်
၁၃။ အာရီးနပ်စ် (၁) ကြိမ်
၁၄။ မာယော့ကာ (၁) ကြိမ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly