ဆိုးသထက်ဆိုးလာတဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရေး ထိုင်းအာဏာပိုင်တွေ ကြိုးစားနေ

ဆိုးသထက်ဆိုးလာတဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရေး ထိုင်းအာဏာပိုင်တွေ ကြိုးစားနေ

ဘန်ကောက််၊ ဖေဖော်ဝါရီ ၁ ။             ။ အဆိပ်အတောက်ဖြစ်လောက်တဲ့ လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချနိုင်ရေးအတွက် ဘန်ကောက်က အာဏာပိုင်တွေအနေနဲ့ အမျိုးမျိုးသော ဖြေရှင်နိုင်ရေး လုပ်ငန်းစဉ်တွေကို စဉ်းစားလျက် ရှိနေပါတယ်။

ထိုင်းမြို့တော် ဘန်ကောက်မှာ သီတင်းပတ်တွေကြာအောင် ရင်ဆိုင်ကြုံတွေနေရတဲ့ ဒီလေထုညစ်ညမ်းမှုကို ဒရုန်းယာဉ်တွေနဲ့ ရေဖျန်းတာ၊ ယာဉ်ကြောပြည့်ကျပ်မှုကို လျှော့ချတာတွေအပါအဝင် လေထုညစ်ညမ်းမှု အဆင့်လျှော့ချနိုင်ရေး လုပ်ငန်းစဉ်တွေကို စဉ်းစားနေရတာပဲ ဖြစ်ပါတယ်။

ဘန်ကောက်မြို့တော်စည်ပင်အုပ်ချုပ်ရေးမှူး ရဲချုပ် အစ်ဝင်းကန်မောင်းက နယ်ပယ်ကဏ္ဍမျိုးစုံက ပညာရှင် ၂၀၀ ကျော်နဲ့ တွေ့ဆုံပြီး ခေါင်းချင်းရိုက် ဆွေးနွေးသလို ဆိုးသထက်ဆိုးလာနေတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချရေး အစိုးရ စီမံချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ကောက်လေကြောင်းစင်တာကနေပြီး ဒရုန်းယာဉ်ပေါင်း ၄၇ စီးသုံးလို့ လေထုထဲက ဖုန်မှုန်တွေကို ဟန့်တားထိန်းချုပ်မှာ ဖြစ်သလို မြို့ရဲ့ လေထုသန့်စင်ရေးအတွက် ဖေဖော်ဝါရီ ၃ ရက်မှာ အစိုးရနဲ့အတူ မြို့သူမြို့သားတွေ ပူးပေါင်းပါဝင်ကူညီကြဖို့ ကန်မောင်းက ပြောဆိုတိုက်တွန်းပါတယ်။

ကြာသပတေးနဲ့ သောကြာနေ့တွေမှာ စိုက်ပျိုးရေးသုံး ဒရုန်းယာဉ်တွေက ဘန်ကောက်တစ်ခွင်ကို ရေဖျန်းဖို့လည်း ရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဘန်ကောက်ရဲ့ လေထုအရည်အသွေးအညွန်းကိန်းဟာ ကြာသပတေးနေ့မှာဆိုရင် ကျန်းမာရေးထိခိုက်နိုင်တဲ့ အဆင့် ၁၆၉ မှတ်အထိ ရောက်ရှိနေတယ်လို့ ကမ္ဘာအနှံ့က လေထုအရည်အသွေးကို စောင့်ကြည့်တဲ့ Air Visual အဖွဲ့က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required