အမေရိကန် အလယ်တစ်ကြော နယ်မြေဒေသမှာ ကြီးမားတဲ့ ဆီးနှင်းနဲ့ ရေခဲဖုံးလွှမ်းမှုကြီး ကြုံတွေ့နေ

အမေရိကန် အလယ်တစ်ကြော နယ်မြေဒေသမှာ ကြီးမားတဲ့ ဆီးနှင်းနဲ့ ရေခဲဖုံးလွှမ်းမှုကြီး ကြုံတွေ့နေ

ချီကာဂို၊ ဇန်နဝါရီ ၃၁ ။           ။ အမေရိကန်နိုင်ငံ အလယ်တစ်ကြော နယ်မြေဒေသရဲ့ ကြီးမားတဲ့ ဧရိယာတွေမှာ ဆီးနှင်းနဲ့ ရေခဲ ဖုံးလွှမ်းမှုတွေကို ဗုဒ္ဓဟူးနေ့မှာ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။

ချီကာဂိုမှာဆိုရင် နှစ်ပေါင်း ၃၄ နှစ်အတွင်း အနိမ့်ဆုံး အပူချိန်ကျဆင်းမှု စံချိန်တင်ဖြစ်ပေါ်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ချီကာဂိုက အိုဟာရီလေဆိပ်မှာ အပူချိန် အနုတ် ၂၃ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းနေပါတယ်။ ချီကာဂိုအနေနဲ့ လေအေးတိုက်ခတ်မှု အနုတ် ၅၂ ဒီဂရီဖာရင်ဟိုက်အထိ စံချိန်တင် ဖြစ်ပေါ်ထားပါတယ်။

အီလီနွိုက်ပြည်နယ်က ရော့ခ်ဖို့ဒ်မြို့မှာ အပူချိန် အနုတ် ၂၅ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းကြောင်း အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ချီကာဂိုအတွက် ဗုဒ္ဓဟူးနေ့အပူချိန်ဟာ ၁၉၈၅ ဇန်နဝါရီမှာ စံချိန်တင်ထားတဲ့ အနုတ် ၂၇ ဖာရင်ဟိုက်အထိ ကျဆင်းမှု နောက်ပိုင်း အနိမ့်ဆုံးအပူချိန် ကျဆင်းလျက် ရှိတာပါ။

“သမိုင်းတွင်အောင် အေးတာပါ။ ဒါပေမယ့် ချီကာဂိုမြို့သားတွေဟာ သမိုင်းတွင်လောက်အောင်ပဲ သန်မာကြပြီး အခက်အခဲကို စုပေါင်းရင်ဆိုင်နေကြပါတယ်။”လို့ မြို့တော်ဝန် ရမ်အမ်မန်နျူရယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ပထမဦးစားပေးက ဘေးကင်းရေးနဲ့ မြို့နေတွေ လုံခြုံရေးပါပဲ။ ကျွန်တော်တို့တွေဟာ အိမ်ရာမဲ့တွေကို အချိန်နဲ့ အမျှ အကူအညီပေးနေပြီး နွေးတဲ့နေရာတွေမှာ နေစေခိုင်းထားပါတယ်။”လို့ ၎င်းက ပြောပါတယ်။

မြို့အနှံ့မှာလည်း အနွေးဓာတ်ပေး စင်တာတွေ ၂၀၀ ကျော်မကကို ဖွင့်လှစ်ပြီး အိမ်ရာမဲ့တွေကို အအေးဒဏ်က ကာကွယ်ပေးနေကြောင်း အမ်မန်နျူရယ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required