ရန်ကုန်၊ ဇန်နဝါရီလ ၃၁ ။ ။ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုတွင် နေထိုင်ပြီး နေအိမ်မှ ရုတ်တရက်ပျောက်ဆုံးသွားသည့် အသက်(၅)နှစ်အရွယ်မိန်းကလေးငယ်ကို ဦးခေါင်းပွင့်ထွက် ဒဏ်ရာများဖြင့်သေဆုံးလျက် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း မင်္ဂလာဒုံ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် ကာယ (၁၂) လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုတွင် နေထိုင်သော မ…….. (၅)နှစ်သည် ဇန်နဝါရီလ ၂၉ မှ စတင်ကာ နေအိမ်၌ အိပ်ပျော်နေစဉ် ပျောက်ဆုံးသွားခဲ့ပြီး မိဘများက ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။
အဆိုပါ မိန်းကလေးငယ် ကို မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေး (၁၂)လမ်းမိုင်တိုင်နှင့် ကျောင်းရှေ့ မှတ်တိုင်ကြားရှိ ရေမြောင်းထဲ၌ ဇန်နဝါရီလ၃ဝရက်နေ့ညနေ၅ နာရီခန့်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာ၊ မိန်းမကိ်ုယ်၌ဒဏ်ရာများ ရရှိပြီး သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲထံမှ သိရသည်။
“ကျောင်းလွှတ်တဲ့အချိန် ကျောင်းသားလေးတစ်ဦးက အလောင်းကိုတွေ့လို့ပတ်ဝန်းကျင်ကိုပြောလို့ ပတ်ဝန်းကျင်ကဖုန်းဆက်တယ်။ ကလေးအလောင်း တစ်လောင်းတွေ့တယ်။ ပျောက်သွားတဲ့ခလေး မှန်းမသိသေးဘူးပေါ့။ အဲချိန်မှ အလောင်းတွေ့တဲ့ပေ ၂ဝဝလောက်အကွာမှ ယာဉ်တိုက်မှုဖြစ်တယ်။ အစ်ကိုတို့ရောက်လို ့ကြည့်လိုက်တော့ ပျောက်ဆုံးနေတဲ့ ကလေး ဖြစ်နေတယ်။ အဓမ္မပြုကျင့်ခံထားရတယ်။ ခေါင်းမှာပွင့်ထွက်ဒဏ်ရာ။ ဒဏ်ရာနှစ်ချက်နဲ့ ရေမြောင်းထဲ မှသေဆုံးနေတယ်”ဟု အဆိုပါ ဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့သော ပုလဲအရံမီးသတ်တပ်ဖွဲ့မှကိုထင်လင်းအောင်က ပြောသည်။
သေဆုံးသူမိန်းကလေးငယ်၏ အလောင်းကို မေဓါဝီဆေးရုံသို့ပို့ဆောင်ထားပြီး မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။