အီကွေဒေါ မံမီရုပ်အလောင်းတွင် ရှားပါးအနာရောဂါလက္ခဏာများတွေ့ရှိ

အီကွေဒေါ မံမီရုပ်အလောင်းတွင် ရှားပါးအနာရောဂါလက္ခဏာများတွေ့ရှိ

ဇန်နဝါရီ ၃၁ ။             ။ အီကွေဒေါနိုင်ငံအလယ်ပိုင်း ကွာနိုမြို့မှာ ဆေးစိမ်ထားတဲ့ မံမီရုပ်အလောင်းကို လေ့လာစမ်းသပ်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဆေးရည်စိမ်ထားတဲ့ မံမီရုပ်အလောင်းတွေကို ၁၉၄၉ ခုနှစ်၊ ငလျင်လှုပ်ခတ်မှုအပြီးမှာ တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။

ကွာနို မံမီရုပ်အလောင်းရဲ့ လက်ချောင်းနဲ့ ခြေချောင်းတွေမှာ အဆစ်အမြစ်ရောင်ရောဂါနဲ့ဆင်တူတဲ့ rheumatoid polyarthritis အနာရောဂါလက္ခဏာမျိုး တွေ့ရှိရကြောင်း ပြင်သစ်သိပ္ပံပညာရှင် ဖီးလစ်ချာလီယာက ပြောပါတယ်။

ပြင်သစ်သိပ္ပံပညာရှင် ဖီးလစ်ချာလီယာဟာ ကွာနိုမံမီရုပ်အလောင်းကို လေ့လာဖို့ ပြင်သစ်ကနေ အီကွေဒေါကို ယခုအပတ်အတွင်းမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ လေ့လာမှုကို စတင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်အလောင်းဟာ ဥရောပတစ်ဝိုက်မှာ rheumatoid polyarthritis အဆစ်အမြစ်ရောင်နာရောဂါကို ကူးစက်စေခဲ့သူဟုတ်မဟုတ် လေ့လာနေကြောင်း၊ rheumatoid polyarthritis အဆစ်အမြစ်ရောင်နာရောဂါဟာ လက်တင်အမေရိကမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် ၎င်းရဲ့ မျိုးရိုးဗီဇ၊ ရောဂါလက္ခဏာတွေကို လေ့လာပြီး မွေးရပ်ဇာတိကို သိရှိနိုင်မှာဖြစ်သလို ရောဂါစဖြစ်တဲ့ အခြေအနေကိုပါ ခန့်မှန်းသိရှိနိုင်မှာဖြစ်ကြောင်း၊ အဆိုပါအမျိုးသားဟာ ၁၅ ရာစု၊ ၁၆ ရာစုမှာ မွေးဖွားခဲ့သူဖြစ်နိုင်ကြောင်း ဖီးလစ်ချာလီယာက ဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required