အားပြင်းလေဆင်နှာမောင်းကြောင့် ကျူဘားမြို့တော် ဟာဗားနားမှာ လူ ၅၀၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်း

အားပြင်းလေဆင်နှာမောင်းကြောင့် ကျူဘားမြို့တော် ဟာဗားနားမှာ လူ ၅၀၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်း
Photo: EPA

ဟာဗားနား၊ ဇန်နဝါရီ ၃၁ ။    ။ ကျူဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ အားပြင်းလေဆင်နှာမောင်း တိုက်ခတ်မှုကို လွန်ခဲ့တဲ့ သုံးရက်က ကြုံတွေ့ခဲ့ပြီး လက်ရှိအထိ နေအိမ်စွန့်ခွာ ဘေးလွတ်ရာ ရွှေ့ပြောင်းရသူပေါင်းက ၅၀၀၀ နီးပါး ရှိနေပါတယ်။

ဒီလေဆင်နှာမောင်းအတွင်းမှာ လူလေးဦး သေဆုံးပြီး ၁၉၅ ဦး ဒဏ်ရာရကာ အိမ်ခြေပေါင်း ၁၉၀၀ ကျော်ထက်မနည်း ပျက်စီးဆုံးရှုံးပါတယ်။

ဆွေမျိုးတွေအိမ်မှာ ပြောင်းရွှေ့နေထိုင်ရကသူ ၄၇၉၀ ဦး ရှိပြီး ခိုလှုံရေးစခန်းတွေမှာ နေထိုင်ရသူတွေဟာ ၁၆၄ ဦး ရှိတယ်လို့ ကွန်မြူနစ်ပါတီရဲ့ နေ့စဉ်သတင်းစာ Granma က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေထဲက ၇၀ ကျော်ထက်မနည်းဟာ မြို့တော်က ဆေးရုံတွေမှာ ကုသမှု ခံယူနေရဆဲဖြစ်ပြီး လေးဦးရဲ့ အခြေအနေက စိုးရိမ်ဖွယ် ရှိပေမယ့် အသက်ဘေး မထိခိုက်ဘူးလို့ သိရပါတယ်။

မြို့တော် ဟာဗားနားက ခရိုင်ငါးခုမှာ လေတိုက်နှုန်း တစ်နာရီ ၁၈၆ မိုင်ရှိတဲ့ အားပြင်းလေဆင်နှာမောင်းဟာ တနင်္ဂနွေနေ့က တိုက်ခတ်သွားခဲ့တာပါ။

နှစ်ပေါင်း ၈၀ အတွင်း ဟာဗားနားမှာ ပထမဆုံးအဖြစ် တိုက်ခတ်တဲ့ ဒီလေဆင်နှာမောင်း တိုက်ခတ်ပြီး သုံးရက်မှာတော့ စစ်သား ရာပေါင်းများစွာရဲ့ အကူအညီနဲ့အတူ အပျက်အစီးတွေကို ရှင်းလင်းရေး လုပ်ဆောင်နေလျက် ရှှိနေပါတယ်။

ခုချိန်ထိ လျှပ်စစ်မီး ပြတ်တောက်နေဆဲ ပြည်သူပေါင်း ၁၆၀၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။ ဟာဗားနားမြို့နေ ပြည်သူ ၂၂၅၀၀ ဟာလည်း ရေပိုက်တွေ ပျက်စီးတာကြောင့် ရေသယ်ကားတွေကို အားကိုးနေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required