၂၀၁၈ စင်ကာပူ ပရီးမီးယားလိဂ် ချန်ပီယံအသင်း နှင့် မြန်မာလူငယ်အသင်းများ ခြေစမ်းပွဲကစားမည်

၂၀၁၈ စင်ကာပူ ပရီးမီးယားလိဂ် ချန်ပီယံအသင်း နှင့် မြန်မာလူငယ်အသင်းများ ခြေစမ်းပွဲကစားမည်
ဓာတ်ပုံ- Albirex Niigata FC Singapore အသင်း

ရန်ကုန်၊ ဇန်နဝါရီလ ၃၀ ။          ။ ၂၀၁၈ ခုနှစ် ရာသီ၏ စင်ကာပူပရီးမီးယားလိဂ်ချန်ပီယံ Albirex Niigata FC အသင်းသည် မတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို ့သုဝဏ္ဏဘောလုံးကွင်းတွင် ပမဏရွေးချယ်ထားသည့်  မြန်မာ့လက်ရွေးစင် ယူ-၂၂ ၊ယူ၁၉ အသင်းတို့နှင့် ခြေစမ်းပွဲလာရောက်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်မှ သိရသည်။

 အဆိုပါ စင်ကာပူ ပရီးမီးယားလိဂ် ချန်ပီယံ Albires Niigata Fc အသင်းသည်  ဂျပန်ကလပ်အသင်း တစ်သင်းဖြစ်ပြီး  စင်ကာပူ ပရီးမီးယားလိဂ်တွင်ဝင်ရောက်ယှဉ်ပြိုင်ကစားနေတာဖြစ်သလို စင်ကာပူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ ကြိမ်ဆက်တိုက် ရရှိထားကြောင်း သိရသည်။ ထိုအသင်းတွင် ပါဝင်သောကစား သမားအများစုမှာ ဂျပန်ကစားသမားများဖြစ်ကြပြီး စင်ကာပူနိုင်ငံသား ၄ ဦးသာ ပါဝင်ကြောင်း သိရသည်။

 Albirex Niigata FC Singapore ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် စင်ကာပူလိဂ် ချန်ပီယံကို ၂၀၁၆ ၊၂၀၁၇ ၊ ၂၀၁၈  သုံးနှစ်ဆက်ရရှိထားကာ လိဂ်ဖလား၄ ကြိမ်၊ ရှုံးထွက်ဖလား ၄ ကြိမ် ရရှိထားသည့်အသင်းတစ်သင်းဖြစ်သည်။

 မတ်လ ၇ ရက်နေ့တွင် ပဏာမရွေးချယ်ထားသည့်  မြန်မာ ယူ - ၁၉ အသင်း နှင့် Albirex Niigata FC အသင်း တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မတ် ၉ ရက်နေ့တွင် ပဏာမ ရွေးချယ်ထားသည့် မြန်မာယူ -၂၂ အသင်း နှင့် Albires Niigata Fc Singapore အသင်းတို ့သုဝဏ္ဏ ဘောလုံးကွင်းတွင်ဆက်လက်ကစားသွားမည်ဖြစ်သည်။

 ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သော ၂၀၁၉ အာဆီယံ ယူ ၂၂ ချန်ပီယံရှစ် ပြိုင်ဝင်ရောက်ယှဉ်ပြိုင်မည့်  မြန်မာအသင်းသည် အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly