၂၀၁၉ အာဆီယံ ယူ ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ ပမာဏဖွဲစည်း

၂၀၁၉ အာဆီယံ ယူ ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ ပမာဏဖွဲစည်း

ဇန်နဝါရီလ ၃၀ ။           ။ ၂၀၁၉ အာဆီယံယူ- ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပမာဏအနေဖြင့် မြန်မာ ယူ- ၂၂ အသင်းအတွက် ကစားသမား ၂၈ ဦးကို ရွေးချယ်ထားကြောင်း မြန်မာ့နိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

ပမာဏဖွဲစည်းထားသည့် ယူ-၂၂ အသင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့မှ ကစားသမား အများဆုံး ပါပြီး ရန်ကုန်အသင်းမှ ကောင်းထက်စိုး၊ လွှမ်းမိုးဦး၊ ဇော်ဝင်းသိန်းနှင့် ထူးခန့်လွင်တို့ ကစားသမားလေးဦးအထိပါဝင်ပြီး ရှမ်းယူနိုက်တက် အသင်းမှ ဘုန်းသစ္စာမင်း ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲသက်ပိုင်၊ ထက်ဖြိုးဝေတို့ ပါဝင်သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပမာဏ ရွေးချယ်ထားသည့် မြန်မာယူ၂၂ တွင် ကစားသမားအသစ်များ ပါဝင်ပြီး ယူ-၂၂ အသင်းအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်လေ့ကျင့်မည်ဖြစ်ကာ ပြိုင်ပွဲအတွက် လေ့ကျင့်ချိန် သီတင်းပတ် နှစ်ခုနီးပါးသာ လေ့ကျင့်ချိန် ရမည်ဖြစ်သည်။

ယူ-၂၂အသင်းကို နည်းပြချုပ် ပိုပေါ့ဗ်နှင့် လက်ထောက်နည်းပြချုပ် ဦးချစ်နိုင်အပြင် ယူ ၁၈ အသင်းနည်းပြချုပ်ဖြစ်သည့် ဦးစိုးမြတ်မင်းကလည်း လက်ထောက်နည်းပြချုပ်အဖြစ် ပူးတွဲတာဝန်ယူမည်ဟု သိရသည်။

၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သော ၂၀၁၉ အာဆီယံ ယူ ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ၌  မြန်မာအသင်းသည် အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတို့နှင့် အုပ်စုတစ်ခုတည်း ကျရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly