၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပေါ် အမြင်များ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပေါ် အမြင်များ

NLD ပါတီ အာဏာရပြီး သုံးနှစ်နီးပါးအကြာမှာ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်မှာ စတင်ကြိုးပမ်းလာတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ဇန်နဝါရီလ ၂၉ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာရပါတီအမတ် ကိုယ်စားပြု လွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က အဆိုတင်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒီအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမြင်ကို မီဒီယာတွေက ဝိုင်းဝန်းမေးမြန်းထားပါတယ်။

ဦးစိုးသိန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၉))

စပ်ကူးမတ်ကူးကာလ ဖြစ်တဲ့အတွက်ကြောင့် ပြောင်းချင်ရင် တည်ဆဲ ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းကို လိုက်နာပြီး လုပ်ရမယ်။ ဒီတော့ ယုံကြည်မှုက ပိုရတာပေါ့။  ယုံကြည်မှု ရမှ ပြင်လို့ရမှာပေါ့။ ယုံကြည်မှု မရရင်ပြင်လို့ မရဘူး ။ ဒါတစ်ချက်။ နောက်တစ်ချက်ကတော့ (Process)ကတော့ နည်းနည်းလှမ်းဦးမယ်။  လိုတဲ့ အချက်တွေလည်းပြင်ဖို့ လိုိတယ် ။ ဘာအချက်တွေပြင်မလဲ ။ ငါတို့လည်း မသိဘူး။ သို့သော်လည်းပဲ ဒါတွေက တချို့ကလည်း နိုင်ငံရေး လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြင်လို့မရပေမယ်လို့  ငါတို့ပြင်ဖို့ ကြိုးစားတယ်။  ရွေးကောက်ပွဲ မတိုင်ခင်က ကတိတွေပေးခဲ့တယ်။ ဒီလိုလည်းဖြစ်ချင်လည်း ဖြစ်မယ်။  ဒီနောက်က Hidden Agenda  ပေါ့ ။ သူ့နောက်ထဲက ဘာရှိမှန်း ကျွန်တေ်ာလည်းမသိဘူး။ နိုင်ငံရေးလှုပ်ရှားမှုလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ အဓိကကတော့ လွှတ်တော် က တာဝန်ရှိတယ် ပြင်ဖို့အတွက် ။ သို့သော်လည်း လွှတ်တော် နဲ့မပြီးဘူး ဒီကနေ့ အခြေအနေမှာ။နိုင်ငံရေးခေါင်းဆောင်နဲ့ အချင်းချင်း ခေါင်းဆောင်၂ ယောက် ၊ ဟိုဘက်က ညှိနှိုင်းမှ ဒီဘက်မှာ ပြင်နိုင်တဲ့ အနေအထားဖြစ်မယ် ။ သာမန်အားဖြင့်တော့ အတော်ခက်တာပေါ့နော်။ ကျွန်တော်တို့ အစိုးရလက်ထက်တုန်းက ဇယားတွေ ပြင်ခဲ့ပေးတယ်။ ဇယား ၂ နဲ့ ၅ ၊ ပြည်နယ်တွေကို ပိုပြီးတော့ ပြင်ပြီးထည့်ပေးတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တေ်ာတွေက  ဆက်လုပ်ရမယ့်နည်းဥပဒေတွေ မထုတ်သေးဘူး။ အခုထက်ထိ တချို့က  မထုတ်ရင် လုပ်လို့မရဘူး။ ပေးကားပေး၏ လုပ်လို့ မရဘူးပေါ့။ ဒါပေမယ့် ကျွန်တေ်ာ့ သဘောကတော့ ၂၆၁ တို့ ၊၂၈၈ တို့ကို ပြင်တာလေးတွေကြိုက်တယ်။ ကျွန်တော့်တစ်ယောက်တည်း သဘော။ ကျွန်တော်က တစ်မဲပဲ ရှိသေးတယ်။ ဒါတွေကတော့ စပ်ကူးမတ်ကူးကာလမှာ အဲ့လိုလေးတွေပြင်သွားနိုင်ရင်  ၂၆၁ ဆိုတာကတော့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်နယ်အစိုးရ ကို  အများစုနိုင်တဲ့ ပါတီကို ဖွဲ့ခွင့်ပေးလိုက်၊ မဟုတ်ဘူးလား။ သူ့ဘာသာသူ စီမံပါစေ။  ဒီသဘော ။အခုတော့ သမ္မတက ဖွဲ့ပေးတာကိုး။ ဒါကျွန်တေ်ာ့သဘောပြောတာနော်။ အများသဘောတော့ ကျွန်တေ်ာလည်း မသိဘူး။၂၈၈ ကြတော့ ဒီ ခရိုင်တို့ မြို့နယ်တို့ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်မယ့်အစား  Township Council   တို့ District Council တို့  ဖွဲ့လို့ရအောင် အရင်ကခေါ်တာ မြူနီစပယ်လူကြီးတွေပေါ့ကွာ ။ ဒီလိုအသွင်နဲ့ အုပ်ချုပ်ရင် ဒီနေ့ အဖြစ်အပျက်ပေါ်မူတည်တဲ့ မြို့နယ်တိုင်း အသီးသီးရဲ့ အခက်အခဲတွေကို ပိုပြေလည်သွားနိုင်တယ်။  ဒါကကျွန်တေ်ာ့အမြင်။ သို့သော်လည်း ကျန်တာတော့ ကျွန်တော်လည်းမသိဘူး။ 

ဦးဦးလှစော ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ်)

မေး။ ။ ဒီအခင်းအကျင်းက တိုင်းပြည်အတွက် အကျပ်အတည်းပိုပြီးတော့ ဖြစ်သွားစေလား။ 

ဖြေရှင်းလို့ မရတာ မဟုတ်ဘူး။ ဖြေရှင်းလို့ ရပါတယ်။ ခုမှ ဇာတ်လမ်းစရုံပဲ ရှိသေးတယ်။ ဒါအကုန်လုံးသိတာပဲ။ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးဟာ သိပ်ချောချောမွေ့မွေ့ မရှိဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ရခိုင်လို ပြသနာမျိုးကြတော့ စစ်ဘက်ဆက်ဆံရေး။ အရပ်ဘက် ဆက်ဆံရေးက အရမ်းကောင်းနေပြန်ရော။ အခုကြတော့  ဆိုးမလိုလို ပုံစံပေါ်လာတယ်ပေ့ါ။ အဲ့ကျတော့ ဒါနိုင်ငံရေးမှာ ဖြစ်တတ်တဲ့သဘောပါပဲ။

မေး။ ။ ဒီဟာကို မတိုင်ခင် ခေါင်းဆောင်တွေပြေလည်အောင် ညှိသင့်တယ်လို့ထင်လား။ ဘယ်လိုမျိုးသွားသင့်တယ်ထင်လဲ။ 

ဖြေ။ ။ အဲဒါကတော့ ဒီမိုကရေစီ အခင်းအကျင်းဆိုရင်တော့ ဒါခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ပြီးတော့ ဆွေးနွေးပြီးတော့ ဖြေရှင်းရင်လည်းရနိုင်တာပဲ။ ဒါက တိုင်းပြည်ပြိုလောက်တဲ့ ပြသနာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်ဘက်က  ရခိုင်မှာဖြစ်နေတဲ့စစ်ပွဲတွေလောက်က ဒီဟာကြီးက ဖြေရှင်းလို့ရတယ်။ ရခိုင်စစ်ပွဲဆိုတာ ဖြေရှင်းဖို့ခက်တယ်။ ဒီဟာတွေက ၂ ယောက်စလုံးက ဒီနားမှာပဲ နေကြတာ။ 

မေး။ ။ ဒီနေ့ဖြစ်စဉ် အရဆို ဖွဲ့စည်းပုံပြင်ဆင်ရေးက ရှေ့ဆက်လို့ ရနိုင်မလား။ 

ဖြေ။ ။ ကျွန်တေ်ာကတော့ ရနိုင်တယ်လို့ မြင်ပါတယ်။ ဘာတုန်းခုတုန်းကပြောသလို တစ်ခုလုံးပြင်မှာ မဟုတ်ဘူးလေ။ အခုဟာက ပြသနာက ဘယ် အစိတ်အပိုင်းပြင်မလဲ၊ အသေးအမွှားလေးကို ပြင်ဖို့ဆိုတာကာချုပ်ရဲ့ မိန့်ခွန်းမှာလည်း ပါတယ်။ (၂၆၁) ပြင်ဖို့ဆိုတာ လမ်းကြောင်းနှပ်ကြောင်းပေးထားတာပဲ။ အဲဒီတော့ ဒီဘယ်ဟာလေးတွေပြင်မလဲဆိုတာလည်း ပါတယ်။ အဓိကက အညှာကို ကိုင်ပြီးပြင်မှာလား။ ဒါကို အသေးအမွှားလေးတွေ ၂ဦး၂ဖက်လက်ခံကြတဲ့ဟာကို ပြင်မလားဆိုတာကို   မရေမရာဘူးဖြစ်နေတယ်လေ။  အဲ့ဒါကို ပြေလည်သွားရင်တော့ ဒါက အသေး အမွှားကိစ္စပါ။

မေး။ ။ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ပြင်သင့်တယ်လို့ထင်လား။ 

ဖြေ။ ။ ဖွဲ့စည်းပုံကတော့ ပြင်သင့်တယ်လေ။ ပြင်သင့်တယ်ဆိုတာ လွယ်လွယ်လေးပြင်သင့်တာကို  မပြင်နိုင်ဖြစ်လို့ ရခိုင် ပြသနာကြီးတာလည်းရှိတယ်။ အဲ့ဒီတော့ ပြင်သင့်တာ ကြာပြီ။ သေးသေးလေးတွေ ပြင်သင့်တာတွေ အများကြီးပဲ။

မေး။ NLD ရဲ့ အခုလုပ်ဆောင်ချက်က အလုပ်ဖြစ်မယ်လို့ထင်လား။ 

ဖြေ။ ။ ဒါကတော့ မြန်မာပြည်မှာ အတိအကျပြောလို့မရဘူး။ ကောင်းချင်လည်းကောင်းလာနိုင်တယ်။ ဆိုးချင်လည်း ဆိုးသွားနိုင်တယ်။ ပြောလို့မရဘူး။ ဒါက ခန့်မှန်းလို့ မရဘူးလေ။ ကျွန်တေ်ာတို့ ရခိုင်မှာ ဖြစ်သလိုပေါ့။ သေးသေးလေးပဲ ။ ဒါပေမယ့် ဆိုးသွားတယ်။ ပြည်တွင်းစစ်က  ငြိမ်မလိုလိုနဲ့ ပင်လုံလိုပေါ့ ။ နည်းနည်းလေး လှမလို ၊ လှမလိုနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်တာပေ့ါ။ နောက်ကောင်းမလိုလို ဖြစ်လာတာပေ့ါ ။ ဒါက နိုင်ငံရေးပဲ။ ဘောင်တွေက ပိုရှုပ်တာပေါ့။

စိုင်းသီဟကျော် (မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကတော့ ဒီတိုင်းရင်းသားတွေတင် မကဘူး။ အားလုံးက ဆောင်ရွက်လိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့အချိန်ကျလားလို့ပြောရရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးက  ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ တကယ့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စဖော်ဆောင်ဖို့ဆိုတာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် စတင်ဆောင်ရွက်သင့်ပါပြီ။ ဆောင်ရွက်ဖို့ကိုလည်း ကျွန်တေ်ာတို့ကတော့ ထောက်ခံတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့တိုင်းရင်းသားအနေနဲ့ကတော့ ကိုယ်တိုင်စပြီး ဦးဆောင် ဆောင်ရွက်နိုင်ဖို့က အင်အားမလုံလောက်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် NLD က ဦးဆောင် ပြီးလုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့က ထောက်ခံမှာပဲ။  ဒါပြင်နို်င်တဲ့ အတိုင်းအတာ ၊ ဘယ်လောက်ထိပြင်နိုင်သလဲဆိုတာကတော့ ဒါ တပ်မတော်ရဲ့သဘောထားအပေါ်မှာ မူတည်ပါတယ်။  တပ်မတော် ဘယ်လောက်ထိ နိုင်ငံရေးအရကိစ္စတွေမှာ ဘယ်လောက်ထိ လိုက်လျောဆောင်ရွက်မလဲဆိုတာပေါ့။ အဲဒါကလည်း ခုနကပြောသလို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ တပ်မတော်ရဲ့ သဘောထား အဓိက ကျပါတယ်။

ဒေါ်ခင်စောဝေ ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်ပြည်နယ်၊ ရသေ့တောင် မဲဆန္ဒနယ်​)

ဖွဲ့စည်းပုံက ပြင်ဆင်သင့်တဲ့ အချက်တွေ အများကြီးလည်း ရှိပါတယ်။ ပထမလွှတ်တော်သက်တမ်းနဲ့ ၂၀၁၅ ခုနှစ်ကလည်း ဒီပြည်ခိုင်ဖြိုးပါတီကပေါ့နော်၊ ခေါင်းဆောင်ပြီးတော့ သူတို့ အဆိုတင်ခဲ့တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်ခဲ့တယ်။ အဲ့တုန်းက အန်တီတို့ရဲ့ ဒီပြည်ထောင်စုလွှတ်တော်နာယကနေရာကို တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းကစပြီးတော့ပေ့ါနော် ။ ဒီပြင်ဆင်ဖို့ ဥပဒေတော်တော်များများကိုလည်း ကော်မတီဖွဲ့စည်းပြီးလုပ်ခဲ့တယ်။ အဲ့ဒီကော်မတီက တက်လာတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်အတွက် ပါတီပေါင်းစုံက တစ်ဦးစီကိုလည်း ထည့်ခဲ့တယ်။ နောက်ဥပမာ ကိုယ်စားလှယ် အများစုရတယ်ဆိုရင် ၂ ယောက်ပေးတယ်။နောက် တပ်မတော်သားတွေလည်း ပါတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီက အများစုဖြစ်တယ်ပေါ့။ အဲ့တုန်းကလည်း အဲ့တွက်ကြောင့် ဒီဟာတွေကို ဒီကော်မတီမှာ ဆွေးနွေးပြီးတော့၊ ပြည်ထောင်စု လွှတ်တော်ကို တင်ခဲ့တယ်။ အဲ့ဒီပြည်ထောင်စု လွှတ်တော်ကို တင်ခဲ့ပြီးမှ  အန်တီတို့ ဒီကိုယ်စားလှယ်တွေပေါ့။ မြို့နယ်ကိုအခြေခံတဲ့ ကိုယ်စားလှယ်တွေက ကိုယ်တို့ကြိုက်တဲ့၊ ကိုယ်တို့ပြောင်းလဲချင်တဲ့ ပုဒ်မတွေကို တပ်ပြီးတော့ ဆွေးနွေးခွင့်ရခဲ့တယ်။ အဲ့ဒီမှာ မဲခွဲဆုံးဖြတ်တယ်ပေ့ါနော်။ မဲခွဲ ဆုံးဖြတ်တဲ့အခါ ပုဒ်မ ၄၃၆ ကိုယ်တိုင်က ဒီတပ်မတော်သားတစ်ယောက်လောက် အန်တီတို့ဘက်ကို ပါမယ်။ ၇၅ ရာခိုင်နှုန်း ကျော်မှဆိုပြီးတော့ ဥပဒေပုဒ်မ ပြင်ဖို့အချက်တွေ ပါတယ်။ အရေးကြီးတဲ့ အချက်တွေဆိုလို့ရှိရင် အဲ့ဒီလိုမျိုးရေးသားထားတဲ့အတွက် တချို့ အရေးကြီးတဲ့ဟာတွေဆို မနိုင်ခဲ့ဘူး။

ဥပမာဆိုရင် အန်တီတို့ ပုဒ်မ ၂၆၁  အန်တိီတို့တိုင်းရင်းသားတွေက အရမ်းပြင်ချင်တယ် ။ ဘာလို့လဲဆိုတော့ အန်တီတို့က ကိုယ်တို့ အနိုင်ရ  လွှတ်တေ်ာကိုယ်စားလှယ်ထဲက ဝန်ကြီးချုပ်ကို အနိုင်ရပါတီထဲက ဖြစ်ချင်တယ်။ အဲအတွက်ကြောင့် ဒီဟာကို အန်တီတို့ တကယ်လည်းပြင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် တပ်မတော်ကပေါ့နော် ။ အန်တီတို့ကို ဒါကို ကန့်ကွက်ခဲ့တယ်။ အန်တီတို့ အနိုင်မရခဲ့ဘူး။  အခုလည်း ဒီဟာပြင်ဖို့အတွက် အန်တီတို့ ကြိုဆိုတယ်။ ဒါပေမယ့် ထပ်ပြီးကြိုးစားဦးမယ်။ ဟိုတလောတုန်းကတော့ ကာချုပ်ကြီးကတော့  ဒီပုဒ်မ ၂၆၁ကို ပြင်ဖို့ အချိန်ကျပြီ ဆိုပြီးပြောသွားတာတွေကို အန်တီတို့ကြားလိုက်ရတယ်။ အဲ့အတွက်ကြောင့် ဒီအခုပြင်မယ့်ထဲမှာတော့ ပုဒ်မ၂၆၁ လိုပုံစံမျိုးပါလာလိမ့်မယ်လို့တော့ အန်တီတို့မျှော်လင့်ထားတယ်။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာအထိ ပြင်နိုင်မယ်ဆိုတာကိုတော့ အန်တီတို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly