အက်သလက်တီကိုသို့ ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

အက်သလက်တီကိုသို့ ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့
Photo: Atletico Madrid

ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာဟာ ၂၀၁၉-၂၀ ရာသီကုန်ဆုံးချိန်ထိ အငှားစာချုပ်ဖြင့် စပိန်ကလပ် အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ် မိုရာတာဟာ အက်သလက်တီကိုအသင်းဆီ ၁၈ လ အငှားစာချုပ်တစ်ရပ်နဲ့ ကနဦး ပြောင်ရွှေ့ခဲ့တာဖြစ်ပြီး အဲဒီစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူဖို့ကိုလည်း သဘောတူညီချက် ရယူထားပါတယ်။

အက်သလက်တီကို လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ မိုရာတာဟာ မိုရာတာဟာ ၂၀၁၇ ဇူလိုင်လက ရီးယဲလ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ တန်ကြေးရှိ ၅ နှစ်စာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာ ချယ်လ်ဆီးအသင်းအတွက်က ပရီးမီးယားလိဂ်ပွဲပေါင်း ၄၇ ပွဲကစားပေးခဲ့ပြီး ၁၆ ဂိုး သွင်းယူခဲ့ပါတယ်။

မိုရာတာဟာ ရီးယဲလ်အသင်းသို့ မပြောင်းရွှေ့မီ လူငယ်ကစားသမားအဖြစ် အက်သလက်တီကိုအတွက် ကစားခဲ့ပါသေးတယ်။

သူဟာ တနင်္ဂနွေနေ့က စပိန်မှာ ဆေးစစ်ဆေးမှုခံယူခဲ့ပါတယ်။

အဆိုပါအပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့ အပတ် ချယ်လ်ဆီးအသင်းက အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်းကို ခေါ်ယူခဲ့ပြီးနောက်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် မိုရာတာရဲ့ နောက်ကစားပေးခဲ့တဲ့ ပွဲကတော့ ဇန်နဝါရီ ၅ ရက်က နော့တင်ဟမ်ဖော်ရက်နဲ့ ရင်ဆိုင်ခဲ့တဲ့ အက်ဖ်အေဖလားဖြစ်ပြီး အဲဒီပွဲမှာ သူဟာ အနိုင်ဂိုး ၂ ဂိုးလုံး သွင်းယူပေးခဲ့ကာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မိုရာတာက “ကျနော် ဒီအသင်းကို ရောက်ရှိလာနိုင်လို့ အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ လေ့ကျင့်ခန်းစတင်ဖို့  ကျနော့်ရဲ့ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံပြီး အတူကစားဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly