2019 AFC U-16 Women's Championship အတွက် ယူ၁၆ အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်နေ

2019 AFC U-16 Women's Championship အတွက် ယူ၁၆ အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်နေ
ဓာတ်ပုံ-MFF

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ။     ။ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် 2019 AFC U-16 Women's Championship Qualification Second Round အတွက် မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းက လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းက အကြို လေ့ကျင်ပြင်ဆင်မှုအနေနဲ့ လာမဲ့ ဖေဖော်ဝါရီ လထဲမှာတော့ သြစတြေးလျနိုင်ငံမှာ ၁၀ ရက်ကြာ သွားရောက် စခန်းသွင်းလေ့ကျင့်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် 2019 AFC U-16 Women's Championship Qualification Second Round အုပ်စု (ခ) မှာတော့ အိမ်ရှင် မြန်မာအပါအဝင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အုပ်စုပထမနဲ့ ဒုတိယအသင်း ၂ သင်းဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် 2019 AFC U-16 Women's Championship ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ ၁၆ အမျိုးသမီးအသင်းရဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်နဲ့ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required