နာဇီ စင်္ကြာတံဆိပ်ပါ တီရှပ်ဝတ်ခဲ့လို့ ထိုင်းအဆိုတော်မလေးတစ်ဦး ဝေဖန်ပြစ်တင်ခံခဲ့ရ

နာဇီ စင်္ကြာတံဆိပ်ပါ တီရှပ်ဝတ်ခဲ့လို့ ထိုင်းအဆိုတော်မလေးတစ်ဦး ဝေဖန်ပြစ်တင်ခံခဲ့ရ

ဇန်နဝါရီ ၂၈ ။          ။ ဇန်နဝါရီ ၂၇ ရက်မှာ ကျရောက်တဲ့ Holocaust အောက်မေ့ဖွယ်နေ့ မတိုင်ခင် စကြာတံဆိပ်ပါ နာဇီ အလံနဲ့ တီရှပ်အကျီ ဝတ်ဆင်ခဲ့မိမှုအတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ထိုင်း နာမည်ကျော် အမျိုးသမီး ပေါ့(ပ်)အဖွဲ့မှ အဖွဲ့ဝင် အဆိုတော်တစ်ဦးက တောင်းပန်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်က အဆိုပါ နာဇီ အမှတ်အသားပါ ရှပ်အကျီနဲ့ အဆိုပါ ထိုင်းအဆိုတော်မလေး တီဗီမြင်ကွင်းရှေ့မှာ ရှိနေခဲ့တဲ့အပေါ် စိတ်ပျက်ခဲ့ရကြောင်း အစ္စရေး သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

BNK48  အဖွဲ့မှ အဆိုတော်မလေးတစ်ဦးဖြစ်တဲ့ Pichayapa Namsai Natha ကိုတော့ နာဇီ စကြာတံဆိပ်ပါ အနီ၊အနက် အကျီ နဲ့အတူ ရုပ်သံရှေ့မှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့ အစ္စရေးသံရုံးက မစ်ရှင်ဒုတိယအကြီးအကဲ စမာဒါ ရှာပီရာ က တွစ်တာကနေတဆင့် စိတ်ပျက်ဝမ်းနည်းရကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၇ ရက် တနင်္ဂနွေဟာ နိုင်ငံတကာ  Holocaust အောက်မေ့ဖွယ်နေ့ဖြစ်တယ်လို့ ၎င်းက မှတ်ချက်ပြုသွားပါတယ်။

" ခုလို အဖွဲ့ရဲ့ အဆိုတော်တစ်ဦးက နာဇီ သင်္ကေတတွေကို ဖော်ညွှန်းခြင်းက နာဇီတွေရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသန်းပေါင်းများစွာကို ထိခိုက်ဝမ်းနည်းစေပါလိမ့်မယ်" ဆိုပြီး စမာဒါက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly