ဧရာဝတီလင်းပိုင် အသေတစ်ကောင်တွေ့ရှိ၊ ရှော့တိုက်ဖမ်းဆီးမှုကြောင့် သေဆုံးဟု ယူဆရ

ဧရာဝတီလင်းပိုင် အသေတစ်ကောင်တွေ့ရှိ၊ ရှော့တိုက်ဖမ်းဆီးမှုကြောင့် သေဆုံးဟု ယူဆရ
ဓာတ်ပုံ - WCS Myanmar

မန္တလေး၊ ဇန်နဝါရီ ၂၇ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကျေးရွာ အရှေ့ဘက်ကိုင််းတောအတွင်းတွင် ဇန်နဝါရီလ၂၆ ရက်နေ့၌ ဧရာဝတီလင်းပိုင် အသေတစ်ကောင်တွေ့ရှိခဲ့ကြောင်း WCS Myanmar (ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရေး) မှ သတင်းထုတ်ပြန်ထားသည်။

တွေ့ရှိခဲ့သည့် လင်းပိုင်မှာ အလျား ၆ ပေ ၆ လက်မ ရှိပြီး အထီးဖြစ်ကြောင်း၊ တွေ့ရှိချိန်တွင် ကိုယ်ပေါ်မှာ ရေညှိများ တက်နေကာ ဒဏ်ရာများလည်း မတွေ့ရှိရဘဲ သေဆုံးချိန်မှာ ၁၀ ရက်ခန့် ရှိပြီဟု ခန့်မှန်းထားကာ ရှော့တိုက်ငါးဖမ်းဆီးမှုများ၏ ရှော့မိ၍ သေဆုံးသွားခြင်း ဟု လင်းပိုင််ထိန်းသိမ်းရေးသမား များက ယူဆထားကြသည်။

အဆိုပါလင်းပိုင်ကို တွေ့ရှိသော နေရာမှ ဆယ်ယူ၍ မရမ်းခြံဆိပ်ရှိ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး မော်တော်သိုု့ သယ်ဆောင်ခဲ့ပြီး ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများ ၊ ပြည်သူများကလည်း အားလုံးပူးပေါင်းပါဝင် ထိန်းသိမ်းမှ အောင်မြင်မည်ဖြစ်ကြောင်း နှိုးဆော်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီမြစ်အတွင်း လင်းပိုင်းများသည် မန္တလေးမြို့မှ ဗန်းမော်မြို့အကြား နေထိုင်ကျက်စားပြီး ယခုနှစ် ဖေဖော်ဝါရီလက ကောက်ယူထားသည့် စာရင်းများအရ ၇၆ ကောင်သာ ကျန်ရှိပြီး မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်ကို ရင်ဆိုင်နေရသည့် မြန်မာမျိုးရင်း လင်းပိုင်များဖြစ်သည်။

လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် ဧရာဝတီမြစ်အတွင်း မန္တလေးမြို့နှင့် ကျောက်မြောင်းအကြား သတ်မှတ်ထား၍ ယခုနှစ် အောက်တိုဘာလတွင် ဗန်းမော်နှင့် ကသာမြို့အကြားကို လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအဖြစ် ထပ်မံတိုးချဲ့သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်ကိုင်းတိိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ငတ်မှော်ဦးကျေးရွာအနီး ဧရာဝတီမြစ်ထဲတွင် ငါးဖမ်းပိုက်ဖြင့်ငြိကာ ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly