ပခုက္ကူတက္ကသိုလ်​တွင်​ ​ကျောင်​းသား၊ ​ကျောင်​းသူ​များ၏ ပညာရပ်​ဆိုင်​ရာပြပွဲ ပြုလုပ်​

ပခုက္ကူတက္ကသိုလ်​တွင်​ ​ကျောင်​းသား၊ ​ကျောင်​းသူ​များ၏ ပညာရပ်​ဆိုင်​ရာပြပွဲ ပြုလုပ်​

ပခုက္ကူ၊ ဇန်​နဝါရီ ၂၆ ။      ။ ၁၈ နှစ်​​မြောက်​ ပခုက္ကူတက္ကသိုလ်​ နှစ်​ပတ်​လည်​​နေ့ အထိမ်​းအမှတ်​ ဝိဇ္ဇာ၊သိပ္ပံ ပညာရပ်​ဆိုင်​ရာ ပြပွဲ ကို  ဇန်​နဝါရီလ ၂၆ ရက်​​နေ့က ပခုက္ကူတက္ကသိုလ်​ တွင်​ ကျင်​းပပြုလုပ်​ခဲ့သည်​။

ပခုက္ကူတက္ကသိုလ်​ ဘာသာရပ်​အသီးသီးရှိ ​ကျောင်​းသား​၊​ကျောင်​းသူများပြုလုပ်​ထားသည်​့ သု​တေသနပညာရပ်​များ ပြသခဲ့ခြင်​းဖြစ်​သည်​။

"ကျွန်​မတို့ ပခုက္ကူတက္ကသိုလ်​က ​ကျောင်​းသား၊​ကျောင်​းသူများ၊ ဆရာ၊ဆရာမများရဲ့ သု​တေသန ရလဒ်​​တွေဟာ ​ဒေသဖွံ့ဖြိုး​ရေးသာမကဘဲ တိုင်​းပြည်​ဖွံ့ဖြိုး​ရေးအတွက်​ပါ ပါဝင်​အ​ထောက်​အကူပြုမယ်​လို့ ရည်​ရွယ်​ချက်​နဲ့ ခုလို ပြပွဲပြိုင်​ပွဲကို ပြုလုပ်​ခြင်​းဖြစ်​ပါတယ်​။ အဲဒီရလဒ်​​တွေကို ရရှိပြီး​တော့ ကျွန်​မတို့ရဲ့က​လေး​တွေသည်​ ​ဒေသအကျိုးပြု တိုင်​းပြည်​အကျိုးပြုနိုင်​တဲ့ အဖက်​ဖက်​က ဖွံ့ဖြိုးတဲ့ တနည်​းအားဖြင်​့ ​ဒေသအကျိုးပြု လူ့စွမ်​းအားအရင်​းအမြစ်​​တွေကို ​ပခုက္ကူတက္ကသိုလ်​အ​နေဖြင်​့ ​မွေးထုတ်​​ပေးနိုင်​မယ်​လို့ ​မျှော်​လင်​့ရင်​း ခုလို ပြပွဲပြိုင်​ပွဲ​တွေ ပြုလုပ်​ခဲ့ခြင်​းဖြစ်​ပါတယ်​ "ဟု ပခုက္ကူတက္ကသိုလ်​ ဒုတိယ ပါ​မောက္ခချုပ်​ ​ဒေါက်​တာညိုညိုထွန်​းက ပြောသည်​။

​ကျောင်​းသား၊​ကျောင်​းသူများ၏ သု​တေသနလုပ်​ငန်​းများကို ပြင်​ပစီးပွား​ရေးသမားများ၏ ချိတ်​ဆက်​မှုများ လိုအပ်​​နေပြီး စီးပွား​ရေးလုပ်​ငန်​းရှင်​များ စိတ်​ပါဝင်​စား၍ ​ထောက်​ပံ့မှုများ ရှိပါက ပိုမိုအဆင်​​ပြေမည်​ဟု ယုံကြည်​​ကြောင်​း သု​တေသန ပြုလုပ်​​နေသည်​့ ​ကျောင်​းသားတစ်​ဦးက ဆိုသည်​။

"ကျွန်​​တော်​ ခုလုပ်​​နေတာဆိုရင်​ ဆိတ်​ဖူးပင်​အဆီက​နေ သွားကိုက်​​ပျောက်​​ဆေးထုတ်​​နေတယ်​။အဲ့ဒီမှာ ပြင်​ပစီးပွား​ရေးလုပ်​ငန်​းရှင်​က ​ထောက်​ပံ့မယ်​လို့ ​ပြောလာတာရှိတယ်​။ခု ကျွန်​​တော်​လုပ်​ထားတဲ့ သာ​တေသနက အဆင်​​ပြေလာတယ်​။ စီးပွား​ရေးလုပ်​ငန်​းရှင်​က ​နောက်​ထပ်​ပြန်​ပြီး ချိတ်​ဆက်​လာရင်​ ပိုပြီး အဆင်​​ပြေပါတယ်​။ ခုလိုပွဲ​တွေပြုလုပ်​လိုက်​တဲ့အတွက်​ စီးပွား​ရေးလုပ်​ငန်​းရှင်​​တွေလည်​း စိတ်​ဝင်​စားလာမယ်​။​ကျောင်​းသား၊​ကျောင်​းသူ​တွေကလည်​း သူတို့ရဲ့ တီထွင်​မှု​တွေကို ချပြခွင်​့ရမယ်​၊ စိတ်​ဝင်​စားတဲ့ လုပ်​ငန်​းရှင်​​တွေ အတွက်​လည်​း အဆင်​​ပြေပါမယ်​"ဟု ပခုက္ကူတက္ကသိုလ်​ ဓာတု​ဗေဒဘာသာရပ်​ မဟာတန်​း​ကျောင်​းသား ကိုနန်​း​ဆောင်​က ​ပြောသည်​။ 

ယခုပြုလုပ်​သည်​့ ပညာရပ်​ဆိုင်​ရာ ပြပွဲသည်​ ပခုက္ကူတက္ကသိုလ်​၌ ပထမအကြိမ်​ ကျင်​းပပြုလုပ်​ခဲ့ခြင်​းဖြစ်​သည်​ဟု သိရသည်​။

ပခုက္ကူတက္ကသိုလ်​အား ၂၀၀၁ ခုနှစ်​တွင်​ တက္ကသိုလ်​အဆင်​့အဖြစ်​ တိုးမြှင်​့ခဲ့ခြင်​းဖြစ်​ပြီး လက်​ရှိအချိန်​တွင်​ ဘာသာရပ်​ဌာန ၁၃ ခုဖြင်​့ ​ကျောင်​းသား၊​ကျောင်​းသူ​ ၁ ​သောင်​း​ကျော်​ ပညာသင်​ကြားလျှက်​ရှိကြသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required