ရေနံချောင်းမြို့နယ်တရားသူကြီးကို ဒေသခံများက ဆန္ဒပြ

ရေနံချောင်းမြို့နယ်တရားသူကြီးကို ဒေသခံများက ဆန္ဒပြ

မကွေး၊ ဇန်နဝါရီ ၂၅ ။             ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တရားသူကြီးအား တရားစီရင်ရေးတွင် အဂတိလိုက်စားသည်ဟု ဆိုကာ လွန်ပင်ရှိ ကျေးရွာနေ ဦးသန်းဇော်ခေါင်းဆောင်သော ဒေသခံ၄ဝခန့်က ဇန်နဝါရီလ ၂၅ရက် နံနက် ၁ဝနာရီမိနစ်၂ဝအချိန်ခန့်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသ်ိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ခြင်းကို ရေနံချောင်းမြို့၊ ရွှေဘုံသာရပ်ကွက် မြို့နယ်တရားရုံးအနီးရှိ မြောက်ဘက် ကားလမ်းမ ဘေးတွင် ပြုလုပ်ခဲ့ပြီး စနေ၊တနင်္ဂနွေ၂ရက်ကို ခေတ္တရပ်နားကာ တနင်္လာနေ့မှစတင်ပြီး နောက်ထပ်၄ရက်အကြာအထိ ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျေးရွာပိုင်စက်ရေတွင်း တူးမယ့်ပိုက်များကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ရောင်းစားသည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းခဲ့ရာ တရားရင်ဆိုင်ချ်ိန် တစ်နှစ်ကျော်ခန့်ကြာခဲ့ပြီး ရေနံချောင်းမြို့နယ်တရားရုံးမှ ဆုံးဖြတ်ချသည့်အပေါ် မကျေနပ်၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း လွန်ပင်ရှိကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့နယ်တရားရုံးအနေဖြင့် ဥပဒေနဲ့အညီတင်ပြသည့် သက်သေခံချက်များကို၊ ဥပဒေနှင့်အညီ အမှန်တရားကို အဂတိကင်းရှင်းစွာဖြင့် တရားမျှတစွာဖော်ထုတ်ဆုံးဖြတ်နေခြင်းဖြစ်ကြောင်း ရေနံချောင်းမြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးက ပြောသည်။

၎င်းကဆက်လက်၍ မြို့နယ်တရားရုံး၏ အဆုးံအဖြတ်ကို အထက်တရားရုံးသို့ အယူခံတက်ရောက်နိုင်သည့် အခွင့်ရေးရှိပြီး ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုအပေါ် မှတ်ချက်ပြုပြောဆိုလိုခြင်း မရှိကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ၉ရက်နေ့ကလည်း ရေနံချောင်းမြို့နယ်တရားရုံးမှ လိမ်လည်တရားစွဲဆိုမှုကို လက်ခံသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required