ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်းအဖြစ် ထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ ရီးယဲလ်မက်ဒရစ်

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်းအဖြစ် ထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ ရီးယဲလ်မက်ဒရစ်
Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ တစ်နှစ်တာ စံချိန်တင်ဝင်ငွေ ယူရို ၇၅၀.၉ သန်း (ပေါင် ၆၇၄.၆ သန်း) နဲ့အတူ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ဖြတ်ကျော်ကာ ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်း ၂၀ စာရင်း ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။

မန်ယူနိုက်တက်ရဲ့ အဆင့် ၃ ထိ ကျဆင်းသွားမှုနဲ့အတူ ဘာစီလိုနာအသင်းက ၂၀၁၄-၁၅ ရာသီနောက်ပိုင်း စပိန်ကလပ်အသင်းတွေအတွက် ပထမဆုံးအကြိမ်အဖြစ် အဆင့် ၁၊ ၂ နေရာ နှစ်ခုလုံးကို ရယူနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ငွေကြေးနဲ့ စာရင်းအင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Deloitte ကုမ္ပဏီက ပြောပါတယ်။

၂၀၁၇-၁၈ ရာသီပေါ် တွက်ချက်မှုအရ အချမ်းသားဆုံး ထိပ်ဆုံး ၂၀ သင်းဟာ ဝင်ငွေ ယူရို ၈.၃ ဘီလီယံ (ပေါင် ၇.၄ ဘီလီယံ)၊ ၆ ရာခိုင်နှုန်းအထိ စံချိန်တင်တစ်ရပ်တင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထိပ်ဆုံး ၂၀ သင်းကို ဝင်ငွေရရှိမှု တစ်ခုထဲသာ တွက်ချက်ပြီး ကလပ်အသင်းရဲ့ အကြွေးတွေကို ထည့်သွင်းတွက်ချက်မထားပါ။

၂၀၁၈ ကမ္ဘာ့အချမ်းသားဆုံးဘောလုံးအသင်းစာရင်းမှာ ပထမနဲ့ ဒုတိယနေရာရဲ့ နှစ်သင်းကြား ဝင်ငွေရရှိမှုဟာ ယူရို ၆၀.၅ သန်းနဲ့ အကွာဟဆုံးဖြစ်ခဲ့ပါတယ်။

'ရီးယဲလ်မက်ဒရစ်'

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ မေလက ကိယက်ဗ်မြို့မှာ လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက် ဆွတ်ခူးခဲ့ပါတယ်။

အဆိုပါအောင်မြင်မှုက ရီးယဲလ်အသင်းအတွက် ဝင်ငွေတိုးတက်လာအောင် ကူညီခဲ့ပြီး အခုချိန်မှာ Deloitte ရဲ့ အချမ်းသားဆုံးအသင်းအဖြစ် ၁၂ ကြိမ် ရပ်တည်ခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ တိုးမြင့်လာတဲ့ စပွန်ဆာစာချုပ်နဲ့ အားကစားဆိုင်ရာ ပစ္စည်းရောင်းချမှုအပါအဝင် ရာသီကြိုခရီးစဉ်ပွဲတွေကနေ စီးပွားရေးဆိုင်ရာ ဝင်ငွေတိုးပွားမှု ယူရို ၅၄.၈ သန်းအထိ ရှိလာပါတယ်။

လက်ရှိအချိန်မှာ ရီးယဲလ်အသင်းဟာ စီးပွားရေးဆိုင်ရာကနေ ရရှိတဲ့ ဝင်ငွေက ယူရို ၃၅၆.၂ သန်းဖြစ်ပြီး ကမ္ဘာပေါ်က ဘယ်အသင်းမှ လိုက်မမီသေးတဲ့ အမြင့်ဆုံးဝင်ငွေလည်းဖြစ်ပါတယ်။ ဒီဝင်ငွေကြောင့် ကမ္ဘာ့စံချိန်တင်ဝင်ငွေကို ရရှိစေတာဖြစ်ပါတယ်။

ဥရောပရဲ့ အချမ်းသာဆုံးထိပ်ဆုံး ၁၀ သင်း

ထိပ်ဆုံး ၁၀ သင်းအတွင်းမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ၆ သင်းအထိ စံချိန်တင်ပါဝင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ခြင်းနဲ့အတူ အဆင့် ၂ ခုအထိ ခုန်တက်ခဲ့ပြီး ဝင်ငွေပမာဏအနေနဲ့လည်း မြင့်တက်မှု ရာခိုင်နှုန်း အားအကောင်းဆုံးကလပ်အဖြစ် ရပ်တည်ခဲ့ပါတယ်။

"ထိပ်သီး ၅ ခု"

ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီးတို့က ထိပ်ဆုံး ၅ သင်းအတွင်း ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်က ရပ်တည်မှု နေရာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့က အဆင့် ၆ ကနေ ၁၀ အတွင်း တွေ့ရမှာဖြစ်ပြီး စပါးအသင်းက ထိပ်ဆုံး ၁၀ သင်းနေရာအတွင်း ၂ ကြိမ်မြောက်သာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ၂၀၀၆-၀၇ ရာသီကပါ။

အဲဗာတန်အသင်းက အဆင့် ၁၇၊ နယူးကာဆယ်လ်က ၁၉ နဲ့ ဝက်စ်ဟမ်း အဆင့် ၂၀ တို့မှာ ရပ်တည်ပါတယ်။

ထိပ်ဆုံး ၂၀ သင်းအားလုံးဟာ ဥရောပထိပ်သီးလိဂ် ၅ ခုက ဖြစ်ပြီး အီတလီက ၄ သင်း၊ ဂျာမနီနဲ့ စပိန်မှ ၃ သင်းနဲ့ ပြင်သစ်မှ ၁ သင်းတို့ပါဝင်တာဖြစ်ပါတယ်။

ဥရောပရဲ့ အချမ်းသာဆုံး ထိပ်ဆုံး ၂၀ သင်းရပ်တည်မှု

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly