အော်စကာဆုလျာထားခံရသည့် ရုပ်ရှင်ဇာတ်ကားနှင့် သရုပ်ဆောင်များစာရင်းအား ထုတ်ပြန်ကြေညာ

အော်စကာဆုလျာထားခံရသည့် ရုပ်ရှင်ဇာတ်ကားနှင့် သရုပ်ဆောင်များစာရင်းအား ထုတ်ပြန်ကြေညာ

ဇန်နဝါရီ ၂၄ ။             ။ များမကြာမီမှာ ကျင်းပတော့မယ့် အော်စကာ (Oscar) ဆုပေးပွဲအတွက် အော်စကာဆုလျာထားခံရတဲ့ ဇာတ်ကားတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေကို ရုပ်ရှင်မင်းသမီး Tracee Ellis Ross နဲ့ ရုပ်ရှင်မင်းသား Kumail Nanjiani တို့က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားဆုလျာထားခံရတဲ့ ဇာတ်ကားတွေအနက် Netflix ရုပ်သံလိုင်းမှာ ရေပန်းစားနေတဲ့ Roma မက္ကဆီကိုဇာတ်ကား၊ The Favourite ဗြိတိသျှဇာတ်ကား၊ Cold War ပိုလန်ဇာတ်ကား၊ Never Look Away ဂျာမနီဇာတ်ကားနဲ့ Shoplifters ဂျပန်ဇာတ်ကားတို့ ပါဝင်ကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်က ရုံတင်ပြသခဲ့တဲ့ Black Panther၊ A Star is Born ရုပ်ရှင်ကားတွေအပြင် BlacKkKlansman၊ Bohemian Rhapsody၊ La Favorite၊ Green Book အစရှိတဲ့ ဇာတ်ကားတွေကတော့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု လျာထားခံရတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသားရုပ်ရှင်ဇာတ်ဆောင်ဆု လျာထားခံရသူတွေထဲမှာ Vice ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Christian Bale၊ A Star is Born ဇာတ်ကားရဲ့ ဇာတ်ဆောင် Bradley Cooper၊ At Eternity’s Gate ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Willem Dafoe၊ Bohemian Rhapsody ဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား Rami Malek နဲ့ Green Book ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ Viggo Mortensen တို့ပါဝင်ပါတယ်။

အကောင်းဆုံး အမျိုးသမီးရုပ်ရှင်ဇာတ်ဆောင်ဆု လျာထားခံရသူတွေထဲမှာတော့ Roma ဇာတ်ကားရဲ့ အမျိုးသမီးဇာတ်ဆောင် Yalitza Aparicio၊ A Star is Born ရုပ်ရှင်ကားရဲ့ အမျိုးသမီးဇာတ်ဆောင် Lady Gaga၊ Can You Ever Forgive Me ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ Melissa McCarthy၊ The Wife ဇာတ်ကားရဲ့ အမျိုးသမီးဇာတ်ဆောင် Glenn Close တို့ပါဝင်ပါတယ်။

လတ်တလောကမှ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ A Star is Born ရုပ်ရှင်ကားဟာ အော်စကာဆု ၈ ဆုလျာထားခံရတယ်လို့ သိရပါတယ်။

ရုပ်ရှင်လောကရဲ့ အထင်ကရဆုပေးပွဲကြီးဖြစ်တဲ့ ၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ၊ ၂၅ ရက်၊  Dolby ပြဇာတ်ရုံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required