နေရှင်နယ်လိဂ်အသင်းများ၏ အမာခံပရိသတ်များ ပိုမိုများပြားလာစေရန် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

နေရှင်နယ်လိဂ်အသင်းများ၏ အမာခံပရိသတ်များ ပိုမိုများပြားလာစေရန် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်၊ဇန်နဝါရီ ၂၃ ။         ။ MPT Myanmar National League 2019 ဘောလုံးရာသီတွင် ပြိုင်ပွဲဝင်ကလပ်သင်းများ၏ ပွဲကြည့်ပရိသတ် များ ပိုမိုတိုးပွားလာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ Fun Base Development workshop ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

'''Fun Base Development ဆိုတာ နိုင်ငံတကာမှလည်း လုပ်တယ်။ မြန်မာနေရှင်နယ်လိဂ်က အချိန် ပြန်ယူနေရပြီး အမျိုးသားအသင်းကလည်း Suzuki cup မှာ မျှော်မှန်းထားသလောက်မဖြစ်လာတော့ ၂၀၁၉ လိဂ်ကိုတော်တော်လေး အရှိန်ပြန်ယူရတာပေါ့။ နောက်တစ်ချက်က အသင်းပိုင်ရှင် စီးပွားရေး လုပ်ငန်း ရှင်တွေက စီးပွားရေးကျလာတော့ ကလပ်အသင်းတွေကို ငွေတွေများစွာ ထောက်ပံ့ဖို ့ လျော့လာတာပေါ့။ ကျွန်တော်တို့က ပရိသတ်ကို ပိုပြီးစည်းရုံးနိုင်အောင် နည်းလမ်းပေါင်းစုံနဲ ့ပိုကြိုးစားရနေပြီး တစ်ဖက်မှာလည်း အခြားစပွန်ဆာတွေကလည်း ကွင်းထဲမှာ ပရိသတ်များစွာကြည့်တာကိုမြင်ချင်တာကိုး။ အခုက Live Streaming နဲ ့ကြည့်တဲ့ပရိတ်သတ်က ပိုများပြီး ကွင်းထဲလာကြည့်တာ နည်းနည်းလေး နည်းနေတယ်” ပာု မြန်မာနေရှင်နယ်လိဂ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော ဦးစိုးမိုးကျော် က မီဒီယာများ ၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားခဲ့သည်။

MPT Myanmar National League ပြိုင်ပွဲတွင် လက်ရှိအချိန်၌  အမာခံ ပရိသတ်အများဆုံးဖြစ်ကြသော ရန်ကုန်ယူနိုက်တက် ၊ ရတနာပုံ အသင်း ၊ ရှမ်းယူနိုက်တတ်အသင်း တာဝန်ရှိသူများ နှင့် မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူ များက အမာခံပရိတ်သတ်များ ကွင်းထဲသို့လာရောက်ကြည့်ရုှနိုင်အောင် အိမ်နီးခြင်းနိုင်ငံများမှ လိဂ် ပြိုင်ပွဲဝင် အသင်းများ၏ လုပ်ဆောင်ချက်များကို ပါဝင်ဆွေးနွေးခဲ့သည်။

“နယ် တွေကသိပ်မသိသာပေမယ့် ရန်ကုန်မှာကတော်တော်သိသာတယ်။ အဲဒါကြောင့် အသင်းကလပ် တာဝန်ရှိသူ တွေရော Fun Leader တွေရော ပရိတ်သတ်များလာအောင် စွဲဆောင်စည်းရုံးသင့်တယ်ဆိုတဲ့ ဆွေးနွေးကြတဲ့ ဟာက တစ်ခုနဲ႔ဒေသအတွင်းမှာအောင်မြင်တဲ့ ထိုင်း လိဂ်မှBuriram အသင်းက တာဝန် ရှိသူတွေက သူတို့အတွေ ့အကြုံနဲ ့ပရိသတ်ပိုမိုများပြားလာအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ပိုပြီး ထိရောက်တဲ့အတွက်  ရှင်းလင်းပြောကြားတာတွေ ပြုလုပ်ခဲ့တယ်”ဟု ဦးစိုးမိုးကျော် ကဆက်ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင်နေရှင်နယ်လိဂ်ပြိုင်ပွဲဝင်ကလပ်အသင်း ၁၂ သင်း၏ တာဝန်ရှိသူများနှင့် ပရိသတ်များက ပါဝင်ဆွေးနွေးခဲ့ပြီး ထိုင်း League ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် လက်ရှိချန်ပီယံ Buriram United Fc  အသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း အကြံပြုဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly