ဧရာဝတီတိုင်းဒေသကြီးတွင် ကားစက်ရုံများ တည်ဆောက်ရန်အတွက် လာရောက်ဆွေးနွေးမှုများ ရှိနေ

ဧရာဝတီတိုင်းဒေသကြီးတွင် ကားစက်ရုံများ တည်ဆောက်ရန်အတွက် လာရောက်ဆွေးနွေးမှုများ ရှိနေ

ပုသိမ် ၊ ဇန်နဝါရီ ၂၃ ။           ။ ဧရာဝတီတိုင်းဒေသကြီးတွင် ကားစက်ရုံများ တည်ဆောက်ရန်အတွက် လာရောက်ဆွေးနွေးမှုများ ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးအောင်က ပြောသည်။

“ဘယ်ဟာတွေ အလာအလားကောင်းနေသလဲဆိုရင် လာဆွေးနွေးထားတာ ကားစက်ရုံတွေ၊ မိုဘိုင်းဖုန်း ကုမ္ပဏီတွေ လာဆွေးနွေးနေတယ်။ စက်မှုဇုန်တစ်ခုလုပ်ဖို ့လည်း ကွင်းဆင်းနေတယ်။ အနောက်ဘက်ကမ်းနဲ ့ ရန်ကုန်ကို မိုးပျံလမ်းလိုဟာမျိုးတွေ သူတို့ကို BOTနဲ ့ပေးမယ်ဆိုရင် လုပ်ချင်တဲ့ ကုမ္ပဏီတွေ တိုင်းဒေသကြီး အစိုးရကို လာဆွေးနွေးနေတယ်” ဟု ဦးစိုးအောင်က ပြောသည်။

 

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးသည် ရင်းနှီးမြှုပ်နှံမှုတွင် ရန်ကုန်ပြီးပါက ဒုတိယနေရာတွင် ရှိနေပြီး ရင်းနှီး မြှုပ်နှံရန် ပြည်တွင်း ပြည်ပ ကုမ္ပဏီများက လာရောက်ဆွေးနွေးမှုများလည်းရှိနေကြောင်း ဧရာဝတီတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

“ရင်းနှီးမြုပ်နှံမှု အရေအတွက်နဲ႔ ပြောရရင် ရန်ကုန်ပြီးရင်တော့ ကျွန်တော်တို႔ တိုင်းဒေသကြီးက ဒုတိယ အများ ဆုံး လိုက်နေတယ်ပေါ့။ ငွေကြေးနဲ႔ မဟုတ်ဘဲ လုပ်ငန်းအရေအတွက်နဲ့ဆို အားလုံးဆို လုပ်ငန်း ၃၉ ရှိသွားပြီ။ နောက်ထပ်လည်း ထပ်လာဖို႔အစီအစဉ်တွေအများကြီးရှိတယ်။ ရန်ကုန်တိုင်းကတော့ အများဆုံး ပေါ့”ဟု ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးအောင် က ပြောသည်။

 
ဧရာဝတီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်ဆွေးနွေးသော နိုင်ငံများအနက် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူနှင့် ဟောင်ကောင် တို့မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly