အိမ်ထဲတွင်ဖြစ်ပျက်နေသည့် အရာများကို ပြန်လည်ပြောပြနိုင်မည့် Aibo ခွေးစက်ရုပ် Sony မိတ်ဆက်

အိမ်ထဲတွင်ဖြစ်ပျက်နေသည့် အရာများကို ပြန်လည်ပြောပြနိုင်မည့် Aibo ခွေးစက်ရုပ် Sony မိတ်ဆက်

ဇန်နဝါရီ ၂၃ ။              ။ အိမ်သားတွေ၊ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အိမ်ထဲမှာ ဘာလုပ်နေလဲဆိုတာကို ပြန်ပြောပြနိုင်တဲ့ Sony ရဲ့ ခွေးပေါက်စအရွယ် ခွေးစက်ရုပ် Aibo ကို ယနေ့မှာပဲ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ ခွေးစက်ရုပ် Aibo ထဲမှာ ကင်မရာတွေ၊ သိမြင်နားလည်နိုင်စွမ်းရှိတဲ့ အသိဉာဏ်တွေ ထည့်သွင်းထားပြီး အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

၃၀ စင်တီမီတာ (တစ်ပေ) အရွယ်အစားရှိတဲ့ Aibo စက်ရုပ်ဟာ ၎င်းရဲ့ LED မျက်လုံးတွေနဲ့ နားတွေကို အသုံးပြုပြီး အိမ်သားတွေ အိမ်ထဲမှာ ဘာလုပ်နေလဲဆိုတာကို ပြန်လည်ပြောပြမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ် Aibo ခွေးစက်ရုပ်တစ်ရုပ်ရဲ့စျေးဟာ ဒေါ်လာ ၃၀၀၀ နီးပါးရှိပြီး ဝယ်ယူသူတွေအနေနဲ့ အချက်အလက်တွေကို သိမ်းဆည်းထားနိုင်မယ့် Software ဝန်ဆောင်မှုတွေရရှိမှာဖြစ်သလို အဆိုပါစက်ရုပ်ကို သုံးနှစ်တာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အိမ်မှာဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို အသိပေးဖို့အတွက်ကိုတော့ Sony နဲ့ အိမ်လုံခြုံရေးကုမ္ပဏီ Secom တို့ အတူပူးပေါင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Aibo စက်ရုပ် တွေ့ရှိထားတဲ့ အချက်အလက်တွေကို Secom ကုမ္ပဏီကနေတဆင့် စက်ရုပ်ပိုင်ရှင်ရဲ့ စမတ်ဖုန်းထဲကို ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

“အိမ်သားတွေဘာလုပ်နေလဲဆိုတာ သိနိုင်မယ်။ ကလေးတွေ အိမ်ရောက်ရင်ဘာလုပ်လဲဆိုတာ သိနိုင်မယ်။”လို့ Aibo ပရောဂျက်ရဲ့ အကြီးအကဲဖြစ်သူ အီဇူမီ ကာဝါနီရှီက ပြောပါတယ်။

Sony ရဲ့ Aibo ထုတ်ကုန်တွေထဲက စိတ်ခံစားချက်ကိုပါ ဖော်ပြနိုင်တဲ့ စက်ရုပ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်မိတ်ဆက်ခဲ့ရာ ပထမဆုံး ၆ လအတွင်းမှာပဲ စက်ရုပ်အရုပ်ရေ ၂၀၀၀၀ ရုပ်ရောင်းချခဲ့ရတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံက နည်းပညာရှင်တွေဟာ တစ်ယောက်တည်းနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေကို ကြည့်ရှုပေးမယ့် ထမင်းပေါင်းအိုးနဲ့ အခြားအိမ်သုံးပစ္စည်းတွေကိုပါ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအိမ်သုံးပစ္စည်းတွေကို ဘယ်အချိန်မှာသုံးဖြစ်လဲဆိုတဲ့အချက်အလက်ကို မိသားစုဝင်တွေဆီ သတင်းပေးပို့မှာဖြစ်တဲ့အတွက် အနေဝေးတဲ့ မိသားစုဝင်တွေအနေနဲ့ အခြေအနေကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly