အမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ၁၂ဝကျော်ကို ပြသမည်

အမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ၁၂ဝကျော်ကို ပြသမည်

ဇန်နဝါရီ ၂၂ ။             ။ နေပြည်တော်တွင် ပြုလုပ်မည့် Invest Myanmar Summit 2019 ပြပွဲတွင် အမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ၁၂ဝကျော်ကို ပြသသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ သတင်းထုတ်ပြန်သည်။

 "Summit သို့တက်ရောက်လာတဲ့ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများမှာ ခင်းကျင်းပြသထားတဲ့ ရင်းနှီးမြှုပ်နှံ နိုင်သည့် စီမံကိန်းတွေကိုလေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံနိုင်သော လုပ်ငန်းကဏ္ဍတွေနဲ့ စီမံကိန်းတွေကို ရှင်းလင်းစွာ သိနိုင်မှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုသမ္မတနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

 Invest Myanmar Summit 2019 ကို ဇန်နဝါရီ ၂၈ရက်မှ ၂၉ရက်အထိ နေပြည်တော်ရှိ Myanmar Convention Center II တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများထဲတွင် မန္တလေးတိုင်းရှိ မြို့သာစက်မှုစီမံကိန်းလည်း ပါဝင်မည်ဖြစ်သည်။ လက်ရှိမြို့သာစီမံကိန်းသည် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကိန်းဘဏ်၏ စီမံကိန်းများအနက် တန်ဖိုးအမြင့် ဆုံးဖြစ်ပြီး အခြေခံအဆောက်အအုံနှင့် လုပ်သားအင်အားအများအပြားလိုအပ်သော စားသောက်ကုန်ထုတ်လုပ် ခြင်းနှင့် သစ်ထုတ်လုပ်ခြင်းကဏ္ဍများ၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍများ၊ စားသုံးသူနှင့် ထုတ်လုပ်သူများကို ဝန်ဆောင်မှုပေးသည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် အလုပ်အကိုင်အခွင့်အ လမ်းပေါင်း ၃၃ရဝဝကျော်ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 Invest Myanmar Summit 2019 တွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သာမ က ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည် နယ်နှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း စသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အစိုးရအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 အဆိုပါပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ရန်ရှိကြောင်း သိရ သည်။

 ထို့အပြင် သြစတြေးလျ၊ တရုတ်၊ ဥရောပ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ယူကေ နှင့် အမေရိကန်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ( DICA) မှ တာဝန်ရှိသူများလည်း ပါဝင်တက် ရောက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly