စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားခံရမှုအပေါ် တယ်လီနောမှ ပြန်ဖြေရှင်းဆောင်ရွက်ပေးမည်

စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားခံရမှုအပေါ် တယ်လီနောမှ ပြန်ဖြေရှင်းဆောင်ရွက်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။            ။ တယ်လီနော Broadband အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားခံခဲ့ရမှုအပေါ်  တယ်လီနောမြန်မာမှ အချက် ၃ ချက်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

Telenor နှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှုများ စားသုံးသူများသို့ အသိပေးတင်ပြချက် ဟု ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈၊ ဒီဇင်ဘာလ ၁ ရက် မတိုင်မီ ဝယ်ယူထားသော Unlimited Plan နှင့် 10 GB per Day ဝန်ဆောင်မှု ဝယ်ယူထားသူများအနေဖြင့် မူလဝယ်ယူထားသည့်ဝန်ဆောင်မှုအတိုင်း၊ သက်တမ်းအတိုင်း သုံးစွဲနိုင်မည် ဖြစ်ပြီး သက်တမ်းဆက်တိုးပါက မျှတသုံးစွဲသည့်မူဝါဒ 111 GB per Month ဖြင့်သာ သုံးစွဲနိုင်မည်ဖြစ်သည်။ မျှတသုံးစွဲသည့်မူဝါဒဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုပါက ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက် မတိုင်မီ ချို့ယွင်းမှုမရှိသောစက်များကို ပြန်အပ်၍ ၁၅၀၀၀ ကျပ်ကို တယ်လီနောမှ ပြန်လည်ထုတ်ပေးမည်ဟု  ကြေညာထားခြင်း ဖြစ်သည်။

ပြီးခန့်သည့် ဇန်နဝါရီလ ၈ ရက်မှ စတင်ပြီး တယ်လီနော Broadband အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူ ရေးရာဦးစီးဌာနသို့ တိုင်ကြားမှု  ၃၃၈ မှု ရှိခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန နေပြည်တော် ( ရုံးချုပ်) မှ တယ်လီနောမြန်မာမှ တာဝန်ရှိသူများကို ခေါ်ယူဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အင်တာနက်ဝန်ဆောင်မှုများအား တယ်လီနော Broadband၊ Myanmar Net ၊ အူရီဒူး၊ အမ်ပီတီ ၊ အနန္တ အပါအဝင်  ပြင်ပကုမ္ပဏီများကပါ ရောင်းချနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required