အောင်ရဲထွေးသေဆုံးမှုအတွက် ပြန်ခေါ်သက်သေအဖြစ်The One Entertainment Park မှ လုံခြုံရေး ခေါင်းဆောင်ကို စစ်ဆေး

အောင်ရဲထွေးသေဆုံးမှုအတွက် ပြန်ခေါ်သက်သေအဖြစ်The One Entertainment Park မှ လုံခြုံရေး ခေါင်းဆောင်ကို စစ်ဆေး

ဇန်နဝါရီလ ၂၂ ။         ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ပြန်ခေါ်သက်သေအဖြစ်  The One Entertainment Park မှ လုံခြုံရေးခေါင်းဆောင် ဖြစ်သူကို ဇန်နဝါရီလ ၂၂ ရက်ရုံးချိန်းတွင် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် လုံခြုံရေးခေါင်းဆောင်က အပြင်လုံခြုံရေးဂိတ်တွင် လုံခြုံရေးစစ်ဆေးခြင်းနှင့် လက်မှတ်စစ်ခြင်း တို့ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု တရားခွင်၌ ထွက်ဆိုခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် ရန်ဖြစ်သည်မှာ သားကြီး နှင့် အောင်လေး တို့ ဖြစ်ပြီး လုံခြုံရေး ကိုကျော်သူမှ အနောက်ကနေ လိုက်လာပြောသည့်အတွက် ထိန်းသိမ်း ထားခြင်းဖြစ်သည့်ဟု တရားခွင်၌ ထွက်ဆိုခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ရုံးချိန်းတွင် စွဲချက်တင်ခံထားရသည့် သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည်ဖြိုးအောင် (ခ) အောင်လေး ၊ကျော်ဇောပာန်(ခ)ကျော်ဇော တို့ကို ရုံးထုတ်ခဲ့ပြီး တရားခွင်တွင် ပြန်ခေါ် သက်သေ ၃ ဦးကို ဆင့်ခေါ်ထားသော်လည်း ပြန်ခေါ်သက်သေ တစ်ဦးသာ လာရောက်ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

အောင်ရဲထွေးသေဆုံးခဲ့မှုအတွက် သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ကို လူသတ်မှု ပုဒ်မ ၃၀၂ ပိုဒ်ခွဲ (၂) ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချခဲ့မှတ်ခဲ့ပြီး ကျော်ဇောဟန် (ခ) ကျော်ဇောက်ို လူသတ်မှုဖြစ်ပေါ်လာစေရန် ပူးပေါင်းကြံစည်မှုပုဒ်မ ၃၀၂ ပိုဒ်ခွဲ (၂) / ၁၁၄ နဲ့ စွဲချက်တင်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇွန်နဝါရီလ ၇ ရက်နေ ့က  အမိန့်ချမှတ်ခဲ့သည်။

နောက်တစ်ပတ်ရုံးချိန်းကို ဇန်နဝါရီလ  ၂၉ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ကျန်ရှိနေသည့် ပြန်ခေါ်သက်သေ ၇ ယောက်ကို ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ၂၀၁ရခုနှစ် နှစ်သစ်ကူညတွင် ကလပ်တစ်ခု၌ လူတစ်စုမှ ၀ိုင်းဝန်း ထိုးကြိတ်ခြင်းကို ခံခဲ့ရပြီး ဦးနှောက် ဖိညှပ်ခံရခြင်း၊ဦးနှောက်ဖူးယောင်ခြင်း စသည့် ဒဏ်ရာများ ရရှိကာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly