ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို အစ္စရေးတို့ ဒုံးကျည်နဲ့ ပစ်လွှတ်တိုက်ခိုက်

ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို အစ္စရေးတို့ ဒုံးကျည်နဲ့ ပစ်လွှတ်တိုက်ခိုက်

ဇန်နဝါရီ ၂၁ ။               ။ ဆီးရီးယားနိုင်ငံတွင်းက အီရန်ပစ်မှတ်တွေကို ပစ်မှတ်ထားပြီး အစ္စရေးတို့ဘက်က ဇန်နဝါရီ ၂၁ ရက် အစောပိုင်းမှာ ဒုံးကျည်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောသွားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီးရီးယားနိုင်ငံဘက်ကနေ အီရန်တို့က အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့မှုအပေါ် ပြန်လည် လက်တုန့်ပြန်ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယင်းဒုံးကျည်ကိုတော့ အစ္စရေး ဒုံးခွင်းစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။

အစ္စရေးတို့ ညတွင်းချင်း လုပ်ခဲ့တဲ့ ယခုစစ်ဆင်ရေးမှာတော့ ဆီးရီးယားနိုင်ငံတွင်းမှာ ရှိနေတဲ့ အီရန် တော်လှန်ရေးတပ်ရဲ့ တပ်စိတ်တစ်ခုအပြင် ဆီးရီးယားပစ်မှတ်တွေကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးတို့ဘက်က ပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်းအများစုကို ပစ်ချခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ပြောပေမယ့်လည်း ယင်းတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦးအထိ သေဆုံးသွားတယ်လို့ စောင့်ကြည့်အဖွဲ့တစ်ခုက ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ က ဆီးရီးယားဘက်ကနေ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့မှုကို အစ္စရေးတို့ ပြန်လည် လက်တုန့်ပြန်ခြင်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly