မက်ဆီဒိုနီးယားနိုင်ငံ အမည်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ဂရိ ဆန္ဒပြပွဲ အရှိန်ပိုမြင့်လာ

မက်ဆီဒိုနီးယားနိုင်ငံ အမည်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ဂရိ ဆန္ဒပြပွဲ အရှိန်ပိုမြင့်လာ

ဇန်နဝါရီ ၂၁ ။             ။ မက်ဆီဒိုနီးယား နိုင်ငံ အမည်ပြောင်းလဲမယ့်ကိစ္စကို ဆန့်ကျင်တဲ့ ဂရိ ဆန္ဒပြပွဲတွေမှာတော့ ဇန်နဝါရီ၂၀ ရက်က ရဲနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး အရှိန်ပိုမြင့်လာခဲ့ပါတယ်။

ဒါဟာ အိမ်နီးချင်းနှစ်နိုင်ငံအကြား ယင်း မက်ဆီဒိုနီးယား အမည်ကိစ္စ နှစ်ပေါင်း ၂၇ နှစ်ကြာ အငြင်းပွားနေခဲ့မှုကို အဆုံးသတ်နိုင်အောင် ယခုလို နိုင်ငံ အမည်ပြောင်းလဲဖို့ နှစ်ဘက်အကြား ညှိနှိုင်းသဘောထားခဲ့တာဖြစ်ပါတယ်။

အရင် ယူဂိုဆလားဗီးယား ပြည်ထောင်စုကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မက်ဆီဒိုနီးယားရဲ့ နိုင်ငံအမည်ကို ယင်းအတိုင်း တရားဝင် မခေါ်ဝေါ်ဖို့ ဂရိနိုင်ငံဘက်မှာ ကာလကြာ ဆန့်ကျင်နေခဲ့တာဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် ယခုအခါမှာ ယင်းနိုင်ငံရဲ့ အမည်ကို မက်ဆီဒိုနီးယားကနေ မြောက်ပိုင်း မက်ဆီဒိုနီးယားအဖြစ် ပြောင်းလဲဖို့ စီစဉ်နေလျက်ရှိတာဖြစ်ပါတယ်။

ဒါကိုလည်းပဲ ဂရိဘက်မှာတော့ ပြည်သူအများအပြားက လက်မခံဘဲ ကန့်ကွက်ဆန္ဒပြနေလျက်ရှိတာဖြစ်ပါတယ်။

မက်ဆီဒိုနီးယားဆိုတဲ့ အမည်က ဂရိနိုင်ငံမြောက်ပိုင်းက မက်ဆီဒိုးနီးယား ခရိုင် ဒေသရဲ့နာမည်သာ ဖြစ်တယ်လို့ ဂရိပြည်သူတွေက အခိုင်အမာပြောဆိုနေကြတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ယင်း ယူဂိုဆလပ် ခွဲထွက်နိုင်ငံ မက်ဆီဒိုနီးယားရဲ့ နာမည်ကို မြောက်ပိုင်း မက်ဆီဒိုးနီးယားအဖြစ် ပြောင်းဖို့ ဂရိနဲ့ မက်ဆီဒိုနီးယား နှစ်ဘက်ခေါင်းဆောင်တွေအကြား ဇွန်လတုန်းက သဘောတူခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ဂရိပါလီမန်မှာတောင် အတည်ပြုသွားဖို့ ရှိနေပေမယ့် ယခုလို ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required