ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ကွယ်လွန်

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ကွယ်လွန်

ဇန်နဝါရီ ၂၀ ။           ။ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားကြီးအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံက အသက် ၁၁၃ နှစ်အရွယ် မာဆာဇို နိုနာကာဟာ ယနေ့ ဇန်နဝါရီ ၂၀ ရက်မှာ နိုင်ငံမြောက်ပိုင်းရှိ ၎င်းရဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဂျပန် အဘိုးအို မာဆာဇိုကတော့ ရိုက်ညီနောင် ကမ္ဘာ့ ပထမဆုံး လူစီး လေယာဉ်ပျံတစ်စင်းကို စတင်စမ်းသပ်ပျံသန်းခဲ့ပြီးနောက် နှစ်နှစ်အကြာမှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

အဘိုးအို မာဆာဇိုကိုတော့ ၁၉၀၅ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့တာဖြစ်ကြောင်း ဂင်းနစ် ကမ္ဘာ့ စံချိန်မှတ်တမ်းအရ သိရပါတယ်။

ယမန်နှစ်က စပိန်နိုင်ငံက အဘိုးအို ဖရန်စစ္စကို နူနက်ဇ် အိုလီဗီးရား သေဆုံးပြီးနောက် ဂျပန် အဘိုးအို မာဆာဇိုကို ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်သွားတဲ့ အဘိုး မာဆာဇိုမှာတော့ ညီအကို ခြောက်ဦး၊ ညီမ တစ်ဦး ရှိခဲ့တယ်လို့ သိရပြီး ၁၉၃၁ ခုနှစ်မှာ လက်ထပ်ကာ သားသမီး ငါးဦး ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly