ပုသိမ်ကြိုးတံတားကျိုးသည့်သတင်းမှာ မဟုတ်မှန်ဟု ဆို

ပုသိမ်ကြိုးတံတားကျိုးသည့်သတင်းမှာ မဟုတ်မှန်ဟု ဆို

ဇန်နဝါရီ ၂၀ ။         ။ ပုသိမ်မြို့ရှိ ပုသိမ်ကြိုးတံတားကျိုးကျသည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းပြန့်နှံ့နေမှုနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဦးက မဇ္စျိမသို့ အတည်ပြု ဖြေကြားသည်။

“မျက်မြင်လည်း သွားကြည့်လို့ရပါတယ်။ အားလုံးက ဘာမှမဖြစ်ပါဘူး။ အဲဒီလို ပြောချင်ပါတယ်။ လုပ်ထုံးလုပ်နည်း ဥပဒေပြဌာန်းချက်အတိုင်းပဲ ကျွန်တော်တို့က ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ပုသိမ်တံတားကျိုးကျသည်ဟု Facebook တွင် Soe Moe Aung အကောင့်မှ ရေးသားခဲ့ပြီးနောက် ပြန့်နှံ့လာခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပုသိမ်ကြိုးတံတားမှာ ဘာမှ မဖြစ်ဟု သိရပြီး တံတားအား တန် ၂၀ အောက် ယာဉ်များကိုလည်း သွားလာခွင့်ပြုထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့က မြောင်းမြကြိုးတံတားမှာ ပျက်ကျခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတားများကို ပြန်လည် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တန်ချိန်များ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required