ရည်းစားအား အဓမ္မပြုကျင့်၍ လည်ပင်းညှစ်သတ်

ရည်းစားအား အဓမ္မပြုကျင့်၍ လည်ပင်းညှစ်သတ်

ဇန်နဝါရီ ၂၀ ။           ။ ရည်းစားအမျိုးသမီးဖြစ်သူအား အဓမ္မပြုကျင့်ပြီးနောက် လည်ပင်းညှစ်သတ်ခဲ့မှုတစ်ရပ် ဇန်နဝါရီ ၁၉ ရက်နေ့ ညက မြိတ်မြို့တွင် ဖြစ်ပေါ်ခဲ့သည်။

မြိုတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု အဝေးပြေးကားဝင်းအနီး ရွှေပြည်တန်ရပ်ကွက်က သဲကွင်းကွန်ကရစ်လမ်း  လမ်းသွယ် (၁) မှာ အဲဒီအမှု ပေါ်ပေါက်ခဲ့တာပါ။

“တရားလို၏ ညီမဖြစ်သူက နေအိမ်၌ ရှိနေစဉ် အစ်မတော်စပ်သော မ---- သည်၊ လက်ဖက်သုတ် ဝယ်ရန် သွားရောက် ရာမှ တရားခံ ဖြစ်သူက လမ်းမှ ဆိုင်ကယ် နံဘေးတွယ်နဲ့ ခေါ်ဆောင် သွားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်၊ သူတို့ ၂ ဦးက ချစ်ကြိုက် နေတယ်လို့လည်း သိရ ပါတယ်၊ အခင်းမဖြစ်ပွားမှီ တရားခံ၏ မိခင်၏ နေအိမ်ကို သွားရောက် တိုင်တန်းရာမှ စိတ်မပူနဲ့လို့ ပြောပါတယ်၊ ပြန်လာရင် လာပို့ပေးမယ်”လို့ ပြောကြောင်း မြိတ်မြို့မရဲစခန်းရုံးမှ တာဝန်ရှိသူ တစ်ဦးက မဇ္စျိမကို ပြောပါတယ်။

ကျုးလွန်သူဟာ စက်ဝင်းရပ်ကွက်နေ ဆိုင်ကယ်နံဘေးတွယ်မောင်းနှင်တဲ့ ကိုသန်းထိုက်ဦးလို့ သိရပြီး ညတွင်းချင်း ဖမ်းမိခဲ့တယ်လို့ မြို့မရဲစခန်းရုံးက သိရပါတယ်။

ထွက်ဆိုချက်အရ ကိုသန်းထိုက်ဦးဟာ အခင်းဖြစ်ပွားရာနေရာကို ဆိုင်ကယ်နံဘေးတွယ်ဖြင့် ရပ်ကွက်ကို ခေါ်ဆောင်လာပြီး အလိုမတူအဓမ္မ နှစ်ကြိမ်ပြုကျင့်ခဲ့သလို တာဝန်ယူခိုင်းစဉ်တွင် ငြင်းဆို၍ အချင်းများပြီးနောက် အသင့်ပါလာသော နိုင်လွန်ကြိုးဖြင့် လည်ပင်းအား ညှစ်သတ်ခဲ့ခြင်း ဖြစ်တယ်လို့ ရဲစခန်းထွက်ဆိုချက်က ဆိုပါတယ်။

သေဆုံးသွားသူကတော့ အောင်ချမ်းသာ ၂ လမ်း၊ ဇေယျာသိရိ (၁) ရပ်ကွက်၊ မြိတ်တောင်နယ်မြေနေထိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာ ဖမ်းမိထားတဲ့ ကိုသန်းထိုက်ဦးကို မြို့မြို့မရဲစခန်းရုံးက  (ပ) ၂၆၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required