ဂျာမနီက နာမည်ကျော် ဘောဟော့စ် ကျောင်းတော်ကြီး သက်တမ်း နှစ် ၁၀၀ ပြည့်ပြီ

ဂျာမနီက နာမည်ကျော် ဘောဟော့စ် ကျောင်းတော်ကြီး သက်တမ်း နှစ် ၁၀၀ ပြည့်ပြီ

ဇန်နဝါရီ ၂၀ ။          ။ အထင်ကရ ဒီဇိုင်းတီထွင်ဖန်တီးမှုတွေရဲ့ မြစ်ဖျားခံရာ ဘောဟော့စ် (Bauhaus) ဒီဇိုင်း ကျောင်းတော်ကြီးကတော့ ယခု ၂၀၁၉ မှာပဲ  နှစ် ၁၀၀ သက်တမ်းကို ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဘောဟော့စ် ဆိုတာကတော့ ၂၀ ရာစုရဲ့ လွှမ်းမိုးမှု အကြီးဆုံးသော ဒီဇိုင်း ကျောင်းကြီးတစ်ခုဖြစ်ပြီး ယင်းကျောင်းကနေ ထွက်တဲ့ ရိုးရှင်းစွဲမက်ဖွယ် ဒီဇိုင်းအနုပညာပုံစံတွေကို ကမ္ဘာတစ်ဝှမ်းမှာ ယခုအချိန်ထိ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံက အဆိုပါ ဘောဟော့ဇ် ကျောင်းကြီးကတော့ စက်မှုလက်မှုနဲ့ အနုပညာကို ပေါင်းစပ်ထားတဲ့ ကျောင်းတော်ကြီးဖြစ်ပြီး ယင်းကိုတော့ အထင်ကရ ဗိသုကာ ပညာရှင်ကြီး ဝေါ်တာ ဂရိုးပီးယပ်စ် က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဂျာမနီ ဒီဇိုင်းအနုပညာ ကျောင်းကတော့ တရားဝင်အားဖြင့် ၁၉၁၉ ကနေ ၁၉၃၃ ခုနှစ်အထိ ၁၄ နှစ်ခန့်သာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။  ၁၉၃၃ ခုနှစ်ပိုင်းမှာ နာဇီ ဂျာမနီအစိုးရက ယင်းကျောင်းတော်ကြီးကို အတင်းအကျပ် ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မော်ဒန် ပိသုကာ ဒီဇိုင်းပညာရပ်တွေနဲ့ အနုပညာ၊ ဒီဇိုင်းကို အရိုးရှင်းဆုံး ချဉ်းကပ်နိုင်သူတွေဖြစ်ခဲ့တဲ့ ယင်းကျောင်းကြီးက အထင်ရှားဆုံး ဆရာ အများစုကတော့ ကျောင်းကြီး ပိတ်သွားခဲ့ပြီးနောက်ပိုင်း အခြား နိုင်ငံတွေဆီ ထွက်ခွာခဲ့ကြပြီး ၎င်းတို့တွေရဲ့ အယူအဆ အတွေးအမြင်တွေကို ပြန့်နှံ့စေခဲ့ပါတယ်။

အစ္စရေးက Tel Aviv White City က စလို့ တိုရွန်တိုမြို့ TD Center နဲ့ နယူးယော့ခ်က Seagram Building တို့အပါအဝင် ယနေ့အချိန်ထိ ကမ္ဘာတစ်ဝှမ်းက အဆောက်အအုံတွေမှာ ယင်း ဘောဟော့စ် ကျောင်းကြီးရဲ့ လွှမ်းမိုးမှုတွေကို တွေ့မြင်နိုင်ဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required