ဖားကန့် မြို့နယ်တွင် ဘိန်းဆီခဲများ ဖမ်ဆီးရမိ

By ​ကျော့​ကေခိုင်​
19 January 2019
ဖားကန့် မြို့နယ်တွင် ဘိန်းဆီခဲများ ဖမ်ဆီးရမိ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

ရန်​ကုန်​ ဇန်နဝါရီ ၁၉ ။              ။ ဖားကန့် မြို့နယ်တွင် ​ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၅.၆ သိန်း တန်​ဖိုးရှိ  ဘိန်းဆီခဲ ၉၅၀ ဂရမ် ကို ဖမ်ဆီးရမိခဲ့သည်​။

ဇန်​နဝါရီ ၁၈ရက်​​နေ့​တွင်​ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းအရ သက်သေများနှင့်အတူ ဖားကန့်မြို့နယ်၊  အောင်စုကျော်ကျေးရွာအနီး၊ မှော်လကင်-ဘွမ်နန် သွားလမ်းမပေါ်တွင် မှော်လကင်ဘက်မှ ဘွမ်နန်ဘက်သို့ မိုးညှင်း မြို့၊ အောင်သပြေ(၂)ရပ်ကွက်နေ တင်ရှိအောင်(ခ)အဟောင် ၄၅ နှစ် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်​။

ထိုသို့ ရှာ​ဖွေစဉ်​ ၎င်းလွယ်ထားသည့်အိတ်အတွင်းမှ ကြွတ်ကြွတ်အိတ်ဖြင့် ထည့်ထားသည့် ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၅.၆ သိန်း တန်​ဖိုးရှိ  ဘိန်းဆီခဲ ၉၅၀ ဂရမ် ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သည်​။

ယင်းအမှုနှင်​႔ပတ်​သက်​ပြီး အဆိုပါ ဘိန်းစိမ်းများအား ရောင်းချခိုင်းသူ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်လကင်ကျေးရွာနေ မကြူကြူ ၄၈ နှစ်အား  ၎င်း၏ နေအိမ်တဲ၌ ဖမ်းဆီးရမိခဲ့သည်​။
 အဆိုပါ ပြစ်​မှုကျူးလွန်​သူများကို ဖားကန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly