မက္ကဆီကိုတွင် လောင်စာပိုက်လိုင်း မီးလောင်ပေါက်ကွဲရာ ၂၁ ဦးသေဆုံး၊ ၇၁ ဦးဒဏ်ရာရ

မက္ကဆီကိုတွင် လောင်စာပိုက်လိုင်း မီးလောင်ပေါက်ကွဲရာ ၂၁ ဦးသေဆုံး၊ ၇၁ ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၉ ။           ။ ယနေ့မှာပဲ မက္ကဆီကိုနိုင်ငံအလယ်ပိုင်းရှိ ဟီတယ်လ်ဂိုပြည်နယ်မှာ လောင်စာပိုက်လိုင်း မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၂၁ ဦးသေဆုံးခဲ့ပြီး ၇၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သိုလှောင်ထားတဲ့လောင်စာတွေကို လာရောက်ခိုးယူတဲ့ ဒေသခံတွရဲ့ လက်ချက်ကြောင့် ယခုလို ပိုက်လိုင်းမီးလောင်ပေါက်ကွဲရတာဖြစ်ကြောင်း မက္ကဆီကိုအာဏာပိုင်တွေက ထုတ်ပြန်ကြေညာထားပါတယ်။

မီးလောင်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ သတင်းက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပြီး မီးလောင်ပေါက်ကွဲနေချိန်က အကူအညီတောင်းနေကြတဲ့ ဒေသခံတွေရဲ့ အော်သံတွေကို ကြားရမှာဖြစ်ပါတယ်။

အဆိုပါမီးလောင်ပေါက်ကွဲတဲ့နေရာကို မီးသတ်အာဏာပိုင်တွေက ရောက်ရှိလာပြီး ငြိမ်းသတ်ခဲ့ကာ ဒဏ်ရာရရှိသွားသူတွေကိုလည်း ဆေးရုံပို့ထားတယ်လို့ သိရပါတယ်။

မက္ကဆီကိုမှာ လောင်စာဆီတွေ ပြတ်လပ်နေတဲ့အပြင် ဆီသူခိုးတွေကြောင့် ဆုံးရှုံးနစ်နာမှုဟာလည်း သုံးဘီလီယံ ဒေါ်လာရှိပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required