ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့တွင် လျှပ်စစ်ဘတ်စ်ကားများ စတင်ပြေးဆွဲ

ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့တွင် လျှပ်စစ်ဘတ်စ်ကားများ စတင်ပြေးဆွဲ

ဇန်နဝါရီ ၁၉ ။         ။ များမကြာမီက ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့မှာ လျှပ်စစ်ဘတ်စ်ကား အစီးရေ ၁၀၀ စီးကို စတင်ပြေးဆွဲနေပြီလို့ သိရပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို မြှင့်တင်ဖို့အတွက်၊ နိုင်ငံတွင်း လေထုညစ်ညမ်းမှု လျှော့ချနိုင်ဖို့အတွက် လျှပ်စစ်ဘတ်စ်ကားတွေကို အသုံးပြုတာဖြစ်ကြောင်း သိရှိရပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ လေထုညစ်ညမ်းမှုကြောင့် ဒေသခံအယောက် ၄၀၀၀ ကျော် နှစ်စဉ်သေဆုံးနေရကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာထားပါတယ်။

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်အောင် အနာဂတ်မှာလည်း သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုလုံးကို လျှပ်စစ်နဲ့ပဲ အသုံးပြုသွားမှာဖြစ်ကြောင်း ချီလီအာဏာပိုင်တွေက ပြောပါတယ်။

အနီနဲ့အဖြူဆေးသုတ်ထားတဲ့ အဆိုပါလျှပ်စစ်ဘတ်စ်ကားတွေမှာ ထိုင်ခုံ ၃၀ ခုံပါပြီး ခရီးသည် ၈၁ ယောက်စီးနင်းနိုင်တယ်လို့ သိရပါတယ်။ ဒါအပြင် ဘတ်စ်ကားပေါ်မှာ အင်တာနက်အသုံးပြုဖို့ WiFi တပ်ဆင်ပေးထားပြီး ဖုန်းအားသွင်းနိုင်ဖို့ပါ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလမှာလည်း နောက်ထပ် လျှပ်စစ်ဘတ်စ်ကား ၁၀၀ စီးကို အသုံးပြုသွားမှာဖြစ်ပြီး နောက် ၃ နှစ်အတွင်းမှာ လျှပ်စစ်ဘတ်စ်ကား အစီးရေ ၁၀၀၀ နီးပါးအသုံးပြုနိုင်ဖို့ မျှော်မှန်းထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ ၂၀၅၀ ခုနှစ်မှာ ချီလီနိုင်ငံတစ်ဝန်းလုံးက ဘတ်စ်ကားတွေအကုန်လုံးကို လျှပ်စစ်ဘတ်စ်ကားတွေနဲ့ အစားထိုးပြေးဆွဲနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required