ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုမယ့် ရောခ်အင်န်ရိုး သီလရှင်များ

ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုမယ့် ရောခ်အင်န်ရိုး သီလရှင်များ
Photo: AFP

လီမာ၊ ဇန်နဝါရီ ၁၈ ။      ။ ပနားမားက ငယ်ရွယ်နုပျိုတဲ့ ကက်သလစ်သီလရှင်တွေရဲ့ သီချင်းတိုက်လေ့ကျင့်မှုဟာ ယူကျူ့မှာ ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိနေပါတယ်။

လာမယ့် သီတင်းပတ်မှာ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုဖို့အတွက် ဒီ သီလရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံး တီးမှုတ်ဖျော်ဖြေမှုအတွက် ကြိုတင်လေ့ကျင့်လို့ နေတာပါ။

Sisters of the Servants of the Plan of God ဆိုတဲ့ ဒီ သီလရှင်တီးဝိုင်းကို ရော့ခ်အင်န်ရိုး တီးဝိုင်းလို့ ဆိုနိုင်မှာ ဖြစ်ပေမယ့် သူတို့အတွက်ကတော့ လိင်နဲ့ မူးယစ်ဆေးဝါးဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ ဖြစ်ပါတယ်။

သူတို့ဟာ သီလရှင်ဝတ်စုံ ဝတ်ဆင်ထားလျက် ကိုယ်ပိုင်ရော့ခ်တေးသွားတွေကို တီးခတ်ဖျော်ဖြေတာပဲ ဖြစ်ပါတယ်။

“ကျွန်မတို့က ငယ်ရွယ်တဲ့ သီလရှင်တွေဖြစ်တယ်။”လို့ တီးဝိုင်းမှာ ဂစ်တာတီးတဲ့ သီလရှင် အိုင်ဗွန်နီက ပြောပါတယ်။ သူတို့ တီးဝိုင်းရဲ့ အဖွဲ့ဝင်တွေကတော့ ချီလီ၊ ဂျပန်၊ အီကွေဒေါ၊ တရုတ်နဲ့ ကို့စတာရီကာတို့က ဖြစ်ကြပါတယ်။

“သီချင််းတွေ သီဆိုဖျော်ဖြေမှုကနေ ဧဝံဂေလိအသင်းတော်ရဲ့ အမှာစကားတွေကို ပုံစံတစ်မျိုးနဲ့ ဆောင်ကြဉ်းပေးတာပါပဲ။ ကျွန်မတို့ရဲ့ ခွန်အားကို ပြသနိုင်တာလည်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ကြိုက်နှှစ်သက်တဲ့ ဂီတကို တီးခတ်ဖျော်ဖြေရင်း ကျွန်မတို့ ဘယ်သူတွေဖြစ်သလဲဆိုတာကိုလည်း ပြနိုင်တာလည်း ဖြစ်ပါတယ်။”လို့ အိုင်ဗွန်နီက ပြောပါတယ်။

Siervas သို့မဟုတ် Servants လို့လည်း သိကြတဲ့ သူတို့တီးဝိုင်းဟာ နားဝင်ချိုတဲ့ ခရစ်ယာန်သီချင်းတွေကိုလည်း တီးခတ်သီဆိုကြပါတယ်။

ဒီ သီလရှင်တီးဝိုင်းဟာ ဂီတဗီဒီယို ဒါဇင်ဝက်နီးပါးကို ယူကျူ့ပေါ် တင်ထားခဲ့ပြီး နိုင်ငံတကာက ကြည့်ရှုသူတွေကို ‘မေတ္တာ၊ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်’ သတင်းစကားတွေကို သီချင်းတွေကနေတစ်ဆင့် ဖြန့်ဝေပေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required