ချယ်လ်ဆီးအသင်း ဟီဂူအင်ကို အငှားဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်း ဟီဂူအင်ကို အငှားဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှုရရှိ
Photo: EPA

ချယ်လ်ဆီးအသင်းဟာ ဟီဂူအင်ကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းနဲ႔ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ အီတလီအခြေစိုက် Sky သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဆိုပါအငှားစာချုပ်ဟာ ဟီဂူအင်ကို နောက်ထပ် စာချုပ်သက်တမ်း ၁၂ လထပ်တိုးနိုင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

ဟီဂူအင်ဟာ ဒီရာသီအစပိုင်းက ဂျူဗင်တပ်စ်ကနေ အေစီမီလန်အသင်းသို့ အပြီးသတ်ဝယ်နိုင်တဲ့အချက်ပါဝင်တဲ့ ၁၈ လ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ဟီဂူအင်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အေစီနည်းပြ ဂတ်တူဆိုက တိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာလိုတယ်လို့ သူ့ကို မပြောဆိုခဲ့ဘူးလို့ မှတ်ချက်ပေးထားပါတယ်။

ဟီဂူအင်ဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားခဲ့ပေမယ့်လည်း ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

မနေ့ညက အေစီမီလန်အသင်းက ဂျူဗင်တပ်စ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အီတလီစူပါဖလားပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly