စီရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ (၈) ကြိမ်မြောက် အီတလီစူပါဖလား ဆွတ်ခူး

စီရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ (၈) ကြိမ်မြောက် အီတလီစူပါဖလား ဆွတ်ခူး
Photos: EPA

ဗုဒ္ဓဟူးနေ့က ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျီဒဟ်မြို့မှာ ယှဉ်ပြိုင်ကစားသွားတဲ့ အီတလီစူပါဖလားပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ ခရစ္စတီယာရော်နယ်လ်ဒိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အေစီမီလန်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

အီတလီဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်းနှစ်သင်းကြား ကစားတဲ့ပွဲမှာ ပေါ်တူဂီတိုက်စစ်မှူးဟာ ပီဂျာနစ်ရဲ့ ပေးပို့မှုကတဆင့် ဒုတိယပိုင်း ၆၁ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ စီရော်နယ်လ်ဒိုရဲ့ ဒီရာသီ စီးရီးအေအမှတ်ပေးဦးဆောင်သူ ဂျူဗင်တပ်စ်အတွက် ၁၆ ဂိုးမြောက် သွင်းဂိုးလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ အေစီမီလန်ကွင်းလယ်လူ ကက်ဆီးက ဂျူတပ်စ်ကစားသမား အမ်မရီချန်ကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ခြေထောက်တက်နင်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အေစီမီလန်ရဲ့ အီတလီစူပါဖလားချန်ပီယံ ၇ ကြိမ်ကို ၁ ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီကမှ အသင်းကို ရောက်ရှိလာတဲ့ စီရော်နယ်လ်ဒိုအတွက်လည်း ဂျူဗင်တပ်စ်နဲ့အတူ ပထမဆုံးရရှိတဲ့ဆုဖလားဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly