အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ (၁)

By မျိုးသန့်(မဇ္စျိမ)
16 January 2019
အရိုး အကြောရောဂါကို ဘယ်လိုကာကွယ်မလဲ (၁)

မင်္ဂလာပါခင်ဗျား၊  4R health Talk က ကြိုဆိုပါတယ်ခင်ဗျား။   အရိုးအကြော အထူးကုဆရာဝန်ကြီး ကို ဖိတ်ခေါ်ထားပါတယ်။ ဆရာကဆိုရင်တော့ အန္ဒိယနိုင်ငံ ချင်နိုင်း ဆေးရုံက အရိုးအကြောကု ဆရာဝန် Dr. R Sankar ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ကို အပတ်စဉ် ကူညီပေးနေကျဖြစ်တဲ့ 4R Health Talk ကို ကမကထလုပ်ပေးနေတဲ့ Mr. Ravindra Jain ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့  ကျွန်တော်တို့ကို ဘာသာပြန် အကူအညီပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။   အပိုင်း(၁) မှာတော့  ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ အရိုးရောဂါအကြောင်းနဲ့ ဆောင်ရန် ရှောင်ရန်အကြောင်းတွေကို ဆွေးနွေးထားပါတယ်။

ဒီအစီအစဉ်လေးကို Mr. Ravindra Jain ကနေ စလိုက်ကြရအောင်ပါ။

Mr. Ravindra Jain ။   ။ ဒီလိုမျိုးကူညီပေးရတဲ့အတွက်ကြောင့် အထူးပဲ ဝမ်းသာအားရလှပါတယ်၊ Dr. R Sankar ဆိုတာ အိုင်ယာလန်နိုင်ငံမှာ ၁၅ နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်လုပ်ပြီး တော့ အခု အန္ဒိယကို ပြန်ရောက်နေပါတယ်။ ဒီလိုမျိုး အရမ်းကို အတွေ့အကြေုံရှိတဲ့ ဆရာဝန်ကို ဖိတ်ကြားပြီးတော့ အရိုးအထူးကုနဲ့ ပတ်သက်ပြီး အကြောနဲ့ ပတ်သက်ပြီးတော့ သိချင်တာများရှိရင် လည်း မေးမြန်းခွင့်ရတာလည်း အင်မတန်ကို တန်ဖိုးရှိလှပါတယ်။ မေးချင်တာတွေရှိရင်လည်း မေးလို့ရ ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

မေး။ ။ အရိုးအကြောနဲ့ ပတ်သက်လို့ရှိရင် အန္ဒိယမှာပဲဖြစ်ဖြစ်ပေါ့လေ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာပဲဖြစ်ဖြစ် ဒီအရိုးနဲ့ပတ်သက်လို့၊ အကြောနဲ့ ပတ်သက်လို့ရှိရင် ဘယ်ရောဂါက ပိုပြီးတော့မှ အဖြစ်များပါ သလဲ ။

ဖြေ (Dr. R Sankar) ။ ။  ကမ္ဘာမှာပေါ့နော် အဖြစ်အများဆုံးကတော့ အရိုးဖြစ်ပါတယ်။ အရိုးမှာမှ သူကလည်း နောက်ကြော၊ ကြောရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေက ပိုအဖြစ်များသလိုမျိုးပဲ တင်ပဆုံရိုးတို့ ဘာတို့မှာလည်း ဖြစ်တတ်ပါတယ်။ သူကဖြစ်တဲ့အခါမှာ မွေးခါစကနေပြီးတော့လည်း ဖြစ်နို်င်တယ် ။ လက်တွေကနေပြီးတော့လည်း မသန်တာတွေလည်း ဖြစ်နိုင်တယ် ။ တင်ပဆုံရိုးတွေမှာလည်း မသန်တာလည်း ဖြစ်နိုင်တယ်၊ အဲဒီလို ဖြစ်တဲ့အခါကျလို့ရှိရင်   ဒီကလေးငယ်တွေကို ကုရတဲ့အခါ အရိုးအကြောကုရတာ ပိုပြီး ခက်ခဲပါတယ်။ သူတို့က မပြည့်ဝသေးတဲ့အရိုးဖြစ်နေတယ် ဆိုတဲ့ အတွက်ကြောင့် သူတို့ကို ခက်ခက်ခဲခဲနဲ့ ကုသပေးရပါတယ်။ အဲဒီတော့ အဓိကကတော့ အထိအခိုက်တွေကြောင့် အရိုးတွေ ထိခိုက်တာကလည်းပဲ အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။

မေး။ ။ အဲ့ဒီတော့ အသက်ကြီးလာပြီ ဆိုရင်ပေါ့နော် အဖိုးအဖွားတွေမှာလည်း အဖြစ်များပါတယ်။ ဒူးနာတဲ့ပြဿနာပေါ့နော်၊ ဒူးနာတာဆိုရင် တော်တော်နဲ့ ပြန်ပြီးတော့မှ မကောင်းဘူး ။ တစ်သက်လုံး နာတာရှည်နဲ့ပဲ သွားရတယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ ဒူးနာတာကို ဘယ်လိုမျိုး   ဘယ်အသက် အရွယ်ကနေ စတင်ပြီးတော့ ကြိုတင်ကာကွယ်မလဲ၊ ဒူးနာနေတဲ့ ဝေဒနာခံစားနေရတဲ့ လူတွေကရော ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်သင့်ပါသလဲ။

ဖြေ။ ။  အဓိကက ဒီလိုဒူးနာတဲ့ ပြဿနာက အသက် ၄၅ ကနေ ၅၀ ကြားထဲမှာ ပိုပြီးဖြစ်တတ်ပါတယ်၊ ဖြစ်တတ်တဲ့အခါမှာမှ အရိုးပွရောဂါတွေလည်း ဖြစ်တတ်တယ်၊ arthritis လို့ခေါ်တဲ့ အဆစ်တွေရောင် တဲ့ ရောဂါတွေလည်း ဖြစ်တတ်တယ်၊ အနောက်နိုင်ငံမှာကတော့ တင်ပဆုံရိုးအဆစ်တွေရောင်တဲ့ ရောဂါ ပိုအဖြစ်များပေမယ့် အရှေ့နိုင်ငံတွေမှာ ဆိုရင်တော့ ဒူးပြဿနာက ပိုပြီးများပါတယ်။ အထိုင်အထတွေနဲ့လည်း ဆိုင်တယ်ပေါ့နော်။ အဲဒီလိုမျိုးဖြစ်ပြီဆိုရင် သူတို့လမ်းလျှောက်လို့မရဘူး။ ခြေထောက်တွေက အဆင်မပြေတဲ့အခါ ပြုတ်ကျတာမျိုးတွေရှိတယ် ။ ဒါနဲ့ပတ်သက်ပြီး  လေ့ကျင့်ခန်းတွေလည်း လုပ်သင့်ပါတယ်။

မေး။ ။ အဲ့ဒီတော့ ကျွန်တော်တို့က ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်လို့သာ ပြောကြတဲ့အခါကျတော့ ဒီကလေးတွေမှာပေါ့လေ ငယ်ရွယ်စဉ်အခါတည်းကနေပြီးတော့မှ ဒီအရိုးအကြောသန်မာအောင် ဘယ်လိုအစားအစာတွေကျွေးသင့်သလဲ၊ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်သင့်သလဲခင်ဗျား။

ဖြေ။ ။ အခုသူတို့ ပြောကြတယ်ဆိုလို့ရှိရင်  အနှစ်ငါးဆယ်အရင်ကို ပြန်ကြည့်လိုက်လို့ရှိရင် အဲ့ဒီ အချိန်တုံးက ကလေးငယ်များက ဆိုရင် ပြေးပြေးလွှားလွှားနဲ့  ကျောင်းသွားလိုက်ပြီဆိုရင် ညပြန်လာတဲ့အချိန်ထိ သူတို့မှာ ပျော်ရွှင်စွာနဲ့ ဆော့ကစားနေတဲ့အချိန်တွေရှိတယ်။ အဲ့ဒီခေတ်က ကလေးတွေက ဆိုလို့ရှိရင် ပိုပြီး ကျန်းမာတယ်ပေါ့နော်။ အခုခေတ်က ကလေးတွေဆိုလို့ရှိရင် တီဗီရှေ့မှာထိုင်ချင်ထိုင်၊ မထိုင်ရင် ကွန်ပျူတာရှေ့မှာထိုင်တယ် ။ ဖုန်းတွေနဲ့ အချိန်ကုန်နေတယ် ဆိုတဲ့ အတွက်ကြောင့် သူတို့မှာ ကိုယ်လက် ကာယလှုပ်ရှားမှုတွေကလည်း တော်တော်နည်းပါးသွားတယ်။ အဲဒီလိုနည်းပါးခြင်းကလည်း သူတို့ကို ဒီအရိုးရောဂါတွေ ဖြစ်စေသလိုမျိုး၊ အရေးအကြီးဆုံးကတော့  ၊ ကယ်လ်စီယံတွေပေါ့နော် ဗိုက်တာမင် ဒီ တွေ ဘာတွေနည်းပါးတာလည်း ပါပါတယ် ။ အဲဒီလို နည်းပါးတဲ့ထဲမှာ နေရောင်ခြည်မရတာလည်း ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟိုတုန်းက ဆိုလို့ရှိရင် နေရောင်ခြည်ကောင်းကောင်းမွန်မွန်ရပေမယ့် အခုခေတ်မှာက အမြဲတမ်း ကားဆိုရင် လည်း အဲကွန်းနဲ့ကားကိုပဲ စီးသလိုမျိုး ၊ အခန်းထဲမှာဆိုလည်း အဲကွန်းနဲ့အခန်းထဲမှာ၊ တစ်ချို့ ကျောင်းတွေဆိုလို့ရှိရင် အဲကွန်းထဲမှာ နေရတဲ့အခါမှာ ဒီကလေးငယ်တွေက နေရောင်ခြည်ကို ကောင်းကောင်းမရဘူး။ အဲ့ဒီအတွက်နဲ့ သူတို့ဟာဆိုလို့ရှိရင် ဒီအရိုးတွေရဲ့ သန်မာမှုက ပြည့်ပြည့်ဝဝ မရနိုင်ဘူးပေါ့၊ အဲ့ဒီကနေမှတစ်ဆင့် အမျိုးသမီးတွေကျတော့ ဘာဖြစ်လာလည်းဆိုတော့ အရိုးပွ ရောဂါတွေပေါ့နော်။ အသက်လေးဆယ်ကျော်ပြီ ဆိုလို့ရှိရင် အရိုးပွရောဂါတွေလည်း ဖြစ်တတ်ပါတယ်။ ဒါလေးတွေကိုတော့ ကြိုတင်ကာကွယ်ဖို့ အရမ်းလိုအပ်ပါတယ်။ အထူးသဖြင့်ပေါ့၊ မိန်းကလေးငယ်လေးတွေပေါ့နော်၊ မိန်းကလေးငယ်လေးတွေက မွေးခါစကနေ နည်းနည်းငယ်တဲ့အချိန်မှာ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ စနစ်တကျနဲ့ သူတို့ကို ထိန်းသိမ်းပြီးတော့ ကျန်းမာရေးလည်း ဂရုစိုက်စေမယ်၊ ပြေးပြေးလွှားလွှား သွားသွားလာလာ အဲဒီလိုမျိုး လှုပ်ရှားစေတယ်ဆိုလို့ရှိရင် သူတို့က အရိုးတွေက အဆင်ပြေတယ်။ အဲ့ဒါဆိုရင် အသက်ကြီးတဲ့အခါမှာ ကုရတာလွယ်တယ်ပေါ့၊ ငယ်ငယ်ကတည်းကမှ ဒီအရိုးတွေက မသန်မာဘူးဆိုလို့ရှိရင် ဒီမိန်းကလေးက ငယ်ပေမယ့်လည်း အရိုးပွရောဂါက အဖြစ်မြန်တယ်ပေါ့နော်။ အဲ့ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက ကလေးငယ် မိန်းကလေးတွေ ကိုလည်း လှုပ်ရှားတဲ့ သန်မာစေတဲ့ ကစားနည်းတွေ၊ သွားလာစေတဲ့နည်းတွေကို ပြုလုပ်ပေးသင့်ပါတယ်တဲ့။

မေး။ ။ ကျွန်တော်တို့ နိုင်ငံမှာ လူပြောသူပြောများနေတဲ့ ကိစ္စပေါ့နော် ဥပမာ အရိုးပွတာ၊ အရိုးပွတာ ဆိုလို့ရှိရင် ဟင်းချိုမှုန့်သုံးလို့ အရိုးပွတယ်ဆိုတဲ့ ယူဆချက်တွေရှိပါတယ်။ အဲဒီတော့ ဒါကရော ဘယ်လောက်အတိုင်းအတာအထိ ဟုတ်ပါသလဲ၊ ကျွန်တော်တို့ ဒါတွေကို ဘယ်လိုဆင်ခြင်သင့် ပါသလဲခင်ဗျား။

ဖြေ။ ။    အချိုမှုန့်သုံးတာကြောင့် အရိုးပွရောဂါဖြစ်တယ်လို့ တိုက်ရိုက်ကြီးပြောလို့မရပါဘူးပေါ့နော် ။ တကယ်တော့လည်း ဒီခန္ဓာကိုယ်ရဲ့ ကြီးတာ သေးတာနဲ့လည်းဆိုင်တယ်ပေါ့နော်။ ခန္ဓာကိုယ်က တအားကြီးနေပြန်တယ်ဆိုတာ ဝနေပြန်တယ် ဆိုလို့ရှိရင်လည်း သူတို့မှာ ဒူးကို ထိန်းသိမ်းရတဲ့ ဟာတွေကလည်း ပိုများတဲ့အတွက်ကြောင့် ဝတဲ့ဟာကိုလည်း နည်းနည်းထိန်းချုပ်ထားရမယ်။ အဓိက အစားအသောက်အနေအထိုင်နဲ့လည်း ဆိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကိုလည်း များများစားပေး ဖို့ ကိုလည်း တိုက်တွန်းပါတယ်။

မေး။ ။   ဇက်က အမြဲတမ်း ညောင်းနေသလိုဖြစ်နေတယ်၊ ပြီးလို့ရှိရင် ဘယ်ညာချိုးလိုက်မှ သက်သာတယ် ၊  ပြီးလို့ရှိရင် ခါးကလည်း နာတယ် ၊ ကုန်းလိုက် ကွလိုက်ရင်နာတယ်၊ ထိုင်ပြီးလို့ ထလိုက်တယ်ဆိုလည်း နာတယ်ပေါ့လေ။ တစ်ခါတစ်ခါဆိုလို့ရှိရင် တအားနာတယ်၊ အိပ်ရင်လည်း ခါးကနာတယ် အဲဒီတော့   ဆေးခန်းပြတဲ့အခါကျတော့လည်း မသက်သာဘူး။ ကျေးဇူးပြုပြီးတော့   ဘယ်လိုမျိုး ကုသမှုခံယူသင့်သလဲ ဆိုတာ  ဖြေပေးစေလိုပါတယ်ခင်ဗျား။

ဖြေ။ ။   ဒီလိုမျိုး ဇက်ညောင်းတယ်၊ ခါးနာတယ်ဆိုတာက များသောအားဖြင့် စာအုပ်ကြည့်တာတို့ ကွန်ပျူတာကြည့်တာတို့ ဒီလိုစောင်းပြီးငုံ့ပြီး ကြည့်တာထက်စာရင် တည့်တည့်ကြည့်သင့်တယ်။ နောက် ၄၅ ဒီဂရီပေါ့ ၊ နည်းနည်းအဝေးမှာလည်း ထားပြီးကြည့်ရင် ပိုပြီးတော့ နည်းနည်း သက်သာတယ်ပေါ့ ။ ကလေးပဲ ဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ။ ပိုဆိုးတာကတော့ အသက် အလယ်ပိုင်းနဲ့ လူကြီးပိုင်းတွေဆိုလို့ရှိရင်တော့ အဲဒီလိုအရမ်းခါးနာလာပြီးဆိုလို့ရှိရင် physiotherapy လို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ exercise လုပ်တဲ့နည်းနဲ့ သွားပြီးတော့   ကုသပေးရပါတယ်။ အဲ့ဒါက နာဗ်ကြောတွေ ကို ပိုပြီးထိန်းချုပ်ပေးတယ်၊ ဒါမှမရဘူးဆိုရင်တော့ သေသေချာချာဆရာဝန်ကြီးတွေနဲ့လည်း ပြသင့်ပါ တယ်။

မေး။ ။   ဦးဇင်းတစ်ပါးက သက်တော် ၇၀ ရှိပြီ ။ သူက ဒူးနာတယ်၊ ဒူးကိုက်တယ်၊ ပြီးလို့ရှိရင် ခါးကလည်း အရိုးကျည်းပေါင်းတက်နေတယ်၊ အဲ့ဒါဘယ်လိုမျိုး လုပ်သင့်သလဲဆိုတာကို ဖြေပေးစေလိုပါတယ် ခင်ဗျား ။

ဖြေ။ ။ ဆရာတော်ဘုရား အဲဒီလိုမျိုး ဒူးနာခါးနာတာကျတော့ အဓိကကတော့ ဒူးနဲ့ပတ်သက်တဲ့ exercise  တို့ physiotherapy လုပ်လို့ရတဲ့ နေရာတွေရှိပါတယ် ။ အဲဒီလိုနေရာတွေမှာ သွားပြီးတော့ ကုသမှုကို ခံယူသင့် ပါတယ်။ ဆရာတော်ဘုရားအနေနဲ့ ဝေးဝေးများများ လမ်းလျှောက်တာ များလာလို့ရှိရင် ခြေထောက်တွေက ပိုပြီးတော့ နာကျင်ပြီး ပြုတ်ကျသွားနိုင်တဲ့အနေအထားရှိတယ်။ နောက် ဒီလို ကြမ်းပြင်တွေမှာလည်း အထိုင်အထလုပ်လို့မရပါဘူးပေါ့၊ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ သေသေချာချာပဲ ဆရာတော်အနေနဲ့ကတော့ physiotherapy လုပ်တဲ့နေရာမှာ သွားပြီးတော့ စမ်းသပ်သင့်ပါတယ် ။

ဆရာတော်ဘုရားကြီး အနေနဲ့ကပေါ့နော် အမြဲတမ်းကြီး တောက်လျှောက်နာနေတာလည်းမဟုတ်ဘူး။ ပုံမှန်ထက်မဟုတ်တဲ့ နာကျင်ခြင်းမျိုးမဟုတ်ဘူးဆိုရင်တော့  အထူးဒီလို ကွင်းစွပ်ကလေးတွေနဲ့ ဟာလေးတွေလည်း ပေးလို့ရပါတယ် ။ အဲဒီလိုမျိုး တပ်ဆင်ပေးလို့ရပါတယ်  ။

Mr. Ravindra Jain ။   ။ ဆရာတော်ဘုရား အရမ်းနာတယ် နာကျင်တယ် မခံရပ်နိုင်ဘူးဆိုရင်တော့ ဒူးအစားခွဲနည်း တစ်ခု ရှိပါတယ် ။ အဲဒီလိုဒူးအစားခွဲတာမျိုးကို     ချင်နိုင်းမှာရှိတဲ့ အပိုလိုဆေးရုံမှာ ဒါမျိုးတွေ လုပ်ပေးပါတယ်။ ဒါပေမယ့် အဲ့ဒီအထိတောင်သွားစရာမလိုအောင်ကို သတင်းကောင်းတစ်ခု ရှိနေတာကတော့ ဒီ ချင်နိုင်း နဲ့ အပိုလိုဆေးရုံနဲ့ မန္တလေးမှာ ရှိတဲ့ဆရာဝန်တွေနဲ့ ကျွန်တော်တို့ ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး တော့လည်း ချိတ်ဆက်ထားတာလည်း ရှိတယ်ဆိုတဲ့အတွက်ကြောင့် အဲ့ဒီ ချင်နိုင်းအထိပေါ့နော်၊ အိန္ဒိယနိုင်ငံ ချင်နိုင်း မြို့ထိ သွားစရာမလိုဘဲ မန္တလေးမှာလည်း အဲဒီလိုမျိုးလည်း လုပ်လို့ရပါတယ်။   ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly