တရုတ်နှင့် တင်းမာမှုမြင့်တက်နေချိန် ထိုင်ဝမ်လေတပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်

တရုတ်နှင့် တင်းမာမှုမြင့်တက်နေချိန် ထိုင်ဝမ်လေတပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဇန်နဝါရီ ၁၆ ။            ။ ကာကွယ်ရေး စွမ်းရည် အသင့်ဖြစ်မှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး ထိုင်ဝမ် လေတပ်က စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဇန်နဝါရီ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ယခုနှစ် ၂၀၁၉ ထဲမှာ ထိုင်ဝမ်လေတပ်ရဲ့ ပထမဆုံးသော စစ်ရေး လေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

လက်ရှိ ထိုင်ဝမ်နဲ့ တရုတ် အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ယခုလို စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာတော့ တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ဟာ တရုတ်နဲ့ တစ်ချိန်ကျရင် မလွှဲမသွေ ပြန်လည် ပေါင်းစည်းနေထိုင်ရမှာ ဖြစ်ပြီး ယင်းနဲ့ပတ်သက်လို့ ၎င်းတို့ထံမှာ အင်အားသုံးပိုင်ခွင့် ရှိကြောင်း အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယင်း ပြောကြားချက်နဲ့ပတ်သက်လို့ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ပြန်လည်တုန့်ပြန်ရာမှာတော့ သူမတို့ အစိုးရ သာမက မည်သည့် ထိုင်ဝမ် နိုင်ငံရေးသမားကမှ တရုတ်သမ္မတ ရှီရဲ့ အဆိုပါမှတ်ချက်စကားကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း တုန့်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required