ကောက်သစ်စားပွဲတော် ထုံးတမ်းစဉ်လာအရ ငါးဖမ်းနေကြသည့် အိန္ဒိယရှိ အဆမ်လူမျိုးများ

ကောက်သစ်စားပွဲတော် ထုံးတမ်းစဉ်လာအရ ငါးဖမ်းနေကြသည့် အိန္ဒိယရှိ အဆမ်လူမျိုးများ

ဇန်နဝါရီ ၁၆ ။              ။ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ Assam (အဆမ်) ပြည်နယ်နေ ဒေသခံအယောက် ၁ဝဝကျော်ဟာ ဘိုကာလီ ဘီဟူ -အဆမ်လူမျိုးတွေရဲ့ ကောက်သစ်စားပွဲတော်ကို ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

ဘိုကာလီ ဘီဟူ ကောက်သစ်စားပွဲတော်ရဲ့ ထုံးတမ်းစဉ်လာထဲမှာ အုပ်စုလိုက် ငါးဖမ်းတာလည်း ပါဝင်တဲ့အတွက် အဆမ်လူမျိုးတွေဟာ ရွာလုံးကျွတ် ငါးဖမ်းနေကြတာဖြစ်ပါတယ်။

အဆိုပါကောက်သစ်စားပွဲတော်ကာလမှာ အဆမ်လူမျိုးတွေဟာ အတူတကွငါးဖမ်းကြသလို ၎င်းတို့ရဲ့ပွဲတော်နဲ့ဆိုင်တဲ့ အခြားထုံးတမ်းစဉ်လာတွေကိုလည်း ပျော်ပျော်ပါးပါး လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။

ပွဲတော်ကာလရဲ့ ညဘက်အချိန်တွေမှာဆိုရင် အဆမ်လူမျိုးတွေဟာ ညလုံးပေါက် သီချင်းဆို၊ ကခုန်လေ့ရှိကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required